Updated Books
Loading...

ပင်လယ်ဝံပုလွေ


[mobi] [ePub]

စာအုပ်အမည် - ပင်လယ်ဝံပုလွေ

စာရေးသူ - ညွှန့်ကြူး

အမျိုးအစား - ဘာသာပြန်၊ ဝတ္ထုရှည်

စာမျက်နှာ - 267

Book Quality : 5/5 Good



[mobi _ Unicode] Download
[Epub Unicode] Download

Book Reviews

ကိုယ့်ငယ်ဘဝရဲ့စာအုပ်တွေထဲ အလွှမ်းမိုးနိုင်ဆုံးဇာတ်ကောင်ကိုပြောပါဆိုရင်တော့ ဝံပုလွေလာဆင်ကိုပြောရမည်။ကိုယ်ဟာငယ်ငယ်ကတစ္ဆေသင်္ဘောရဲ့သဘာၤရွက်တိုင်ပေါ်တက်ပြီးညနေဆည်းဆာအောက်ကပင်လယ်ကြီးကိုငေးကြည့်နေတက်တဲ့ဝံပုလွေလာဆင်သိပ်ဖြစ်ချင်ခဲ့သူပေါ့။

တစ်ကယ်တော့ဝံပုလွေလာဆင်ဟာဖျံဖမ်းသင်္ဘောတစ်စီးပေါ်ကလက်ရဲဇာတ်ရဲနိုင်သူ၊ရက်စက်ကြမ်းကြုတ်သူ၊မိုက်မိုက်ကန်းကန်းပြုလုပ်တက်သူတစ်ဦးဖြစ်ပါတယ်။တစ်ဖက်တွင်လည်းဉာဏ်ရည်ဉာဏ်သွေးထက်မြတ်သူ သတ္တိရှိသူအရာရာကိုလက်တွေ့ရင်ဆိုင်တက်သူမျိုးဖြစ်နေပြန်တယ်။သူကတစ္ဆေသင်္ဘောခေါ်ပင်လယ်ဖျံကြီးများကိုဖမ်းကာအဆီထုတ်သောသင်္ဘောတစ်ဦးမှကပ္ပတိန်လာဆင်ပင်ဖြစ်၏။ဝံပုလွေလာဆင်ရဲ့ဒေသနာနဲ့တွေးခေါ်ရာဟာပင်လယ်ကြီးပါပဲ။နောက်ဇာတ်ကောင်တစ်ယောက်ကတော့စာရေးဆရာစိတ်ကူးယဉ်သမားလေးမစ်တာဂျွန်ဆင်(ခေါ်)ဗင်ဝေဒင်နှင့်ဝံပုလွေလာဆင်တို့အကြောင်းဖြစ်သည်။မာတီနေးကူးတို့သင်္ဘောဖြင့် ဆန်ဖရန်စစ်စကိုပင်လယ်အော်ကိုဖြတ်သန်းရင်း ဆော်ဆယ်လီတိုမှဆန်ဖရန်စစ်စကိုသွားရင်းဝံပုလွေလာဆင်၏တစ္ဆေသင်္ဘောဖြင့်ဆုံတွေကြသည့်အကြောင်းဖြစ်သည်။

"ကျွန်တော်က ခင်ဗျားကိုပြောတာပါ၊ခင်ဗျားဟာ အသက်တစ်ချောင်းကိုတန်ဖိုးမထားလို့ညနေခင်းကလိုအဖြစ်ကိုသရော်နိုင်တာပေါ့"
"တန်ဖိုးဟုတ်လား၊ဘာတန်ဖိုးလဲ၊တန်ဖိုးဆိုတာဘယ်လိုဟာမျိုးလဲ။မင်း တန်ဖိုးကိုဘယ်လို တိုင်းထွာသလဲ၊ဘယ်သူကတန်ဖိုးထားလဲ"
(စာမျက်နှာ-၆၃)

"မင်းတို့က အသက်ဆိုတာ လူမှာပဲရှိတယ်လို့ထင်တယ်၊မင်းတို့တန်ဖိုးထားတယ်ဆိုတဲ့အသက်ဟာလည်းလူ့အသက်ပဲဖြစ်တယ်၊ဒါကြောင့်မို့တိရစ္ဆာန်တွေရဲ့အသက်ကိုငါသတ်ခဲ့သလောက်မင်းတို့လည်းသတ်ခဲ့တာပဲ၊မင်းထင်တာကတိရစ္ဆာန်တွေရဲ့အသက်ဟာလူအသက်နဲ့ခြားနားတယ်ထင်တယ်၊တကယ်တမ်းကျတိရစ္ဆာန်တွေရဲ့အသက်ဟာလူအသက်နဲ့မခြားနားပါဘူး။..."
(စာမျက်နှာ-၆၅)

နောက်တော့မော့ဒ်ဆိုသည်ကောင်မလေးတစ်ယောက်ရောက်လာပြန်သည်။ထိုအခါမှပွဲကလှတော့၏။ဂျက်လန်ဒန်၏ပင်လယ်ဝံပုလွေဇာတ်လမ်းသည်ပင်လယ်ပြင်ဇာတ်လမ်းများတွင်ထူးခြားသောဇာတ်လမ်းဟုပြောရမည်။
အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုကြီးတစ်အုပ်ဖြစ်တဲ့ Sea Wolf (ပင်လယ်ဝံပုလွေ) စာအုပ်ဟာတကယ်တော့ လူဘဝစရိုက်လက္ခဏာတွေကိုဇာတ်အိမ်ကျဉ်းကျဉ်းနဲ့ထိထိမိမိမှာဖေါ်ပြပေးထားတဲ့စာအုပ်ကောင်းတစ်အုပ်လို့ပြောပါရစေ။မိတ်ဆွေများဖတ်ကြည့်နိုင်စေဖို့ရည်ရွယ်ပါတယ်ခင်ဗျား။

၂၀၀၀ခုနှစ်  မေလ ၁ ကတည်းက ရာပြည့်စာအုပ်တိုက်က(တတိယအကြိမ်အဖြစ်)ထွက်ခဲ့ပြီး တန်ဖိုး ၅၀၀ကျပ်လို့ဖေါ်ပြခဲ့ပါတယ်။အခုတော့၂၅၀၀ကျပ်ပါခင်ဗျ။
အခန်း၃၈ခန်းရှိပြီး၊စာမျက်နှာ၂၇၆ထိပါဝင်ပါတယ်။
နောက်များအဆင်ပြေတဲ့အခါဂျက်လန်ဒန်ရဲ့အခြားစာအုပ်တွေ
မိတ်ဆက်ပါအုံးမယ်ခင်ဗျ။

ခင်မင်စွာဖြင့်
ANS



Post a Comment

0 Comments

.