Updated Books
Loading...

မုန်း၍မဟူ

[PDF] [EPUB] [KFX] [MOBI]

စာအုပ်အမည် - မုန်း၍မဟူ

စာရေးသူ - ဂျာနယ်ကျော်မမလေး

အမျိုးအစား - ဝတ္ထုရှည်

စာမျက်နှာ - 313

Encode Font - Unicode

E-book Source - Ava .Jr



[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

ဤဝတ္ထုသည် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ ထင်ရှားကျော်ကြားသောဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ၁၉၅၅ ခုနှစ်ထုတ် ဝတ္ထုများအနက် "စာပေဗိမာန်ဆု" ရရှိခဲ့သော ဝတ္ထုကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ "တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ ဥဇဘက်" ဟူသော ဘာသာ(၅)မျိုးသို့ ပြန်ဆိုခြင်းခံခဲ့ရသော ဝတ္ထုတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဤဝတ္ထုတွင် ဇာတ်လမ်းမှာ ရိုးရိုးပင်။
သို့သော် " Ultra Love " ဟုခေါ်သည့် "မေတ္တာလွန်ချော်မှု"ကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ဘဝကိုအရှုံးပေးသွားသောသူတစ်ယောက်အကြောင်းကို ထင်ရှားစွာ ဖော်ပြထားပါတယ်။
♥ ဝင်းဝါစိုပြည်သောအသားအရည်၊တောက်ပသောမျက်လုံး၊ပြုံးရယ်သောနှုတ်ခမ်း၊ပါးမို့မို့လေးထက်က စံပယ်တင်မှဲ့လေးနှင့် အလွန်ပင်ချစ်စရာကောင်းသော ၁၇နှစ်အရွယ် ဝေဝေ အရပ်ထောင်ထောင်မောင်းမောင်း၊ နဖူးကျယ်ကျယ်၊ နှာတံချွန်ချွန်ဖြင့် ဥပဓိရုပ်ကောင်းပြီး ပြုံးနေသည့်အတွင်းမှ တင်းနေသည့်မျက်နှာနှင့် ၃၇နှစ်အရွယ် ဦးစောဟန်
♥ မြန်မာ့ယဉ်ကျေးမှု၊မြန်မာ့ဓလေ့ထုံးတမ်းကို စံထားလိုက်နာသောမိသားစုမှ ပေါက်ဖွားလာသော ဝေဝေ
မြန်မာနှင့်မတူ ဘိုလိုဝတ်၊ ဘိုလိုစား၊ ဘိုလိုနေပြီး နိုင်ငံခြားယဉ်ကျေးမှု ကို အထင်ကြီးပြီး ဘိုဆန်သော ဦးစောဟန်
♥ အိမ်အလုပ်နှင့်ဖခင်ကိုသာ တွယ်တာအလေးထားပြီး တခြားအရေး ဘာမှမရှိ၊ မသိဘဲ ခြောက်ကပ်သောဘဝနှင့်နေထိုင်လာခဲ့သော ဝေဝေ
ခြောက်သွေ့ငြိမ်သက်နေရှာသော ဝေဝေ့ဘဝကို မေတ္တာမိုးသွန်းလောင်းချလိုသော ဦးစောဟန်
♥ ဖခင်နှင့်ခွဲပြီးမနေလိုသော်လည်း ချစ်သူ၏ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် လက်မထက်ခင်ကပင် စိတ်သောကဖြစ်နေရရှာသော ဝေဝေ
ချစ်ဇနီးကို ချစ်လွန်း၍ ဝေဝေ့မျက်နှာညိုးအောင်လုပ်လျှင်ပင် ဖခင်ပင်ဖြစ်လင့်ကစား ထိုသူနှင့်နောက်ထပ်ပေးမတွေ့လိုသော ဦးစောဟန်
♥ လက်ထပ်ပြီးစကပင် ခင်ပွန်းသည်နှင့်မတူညီသောစရိုက်ကြောင့် အဆင်မပြေမှုများဖြစ်ကာ စိတ်သွားတိုင်းကိုယ်မပါသော်လည်း ခင်ပွန်းသည်၏ဆန္ဒကိုသာအမြဲလိုက်လျောတတ်သော ဝေဝေ
တစ်ဖက်လူရဲ့ခံစားချက်ကိုမမြင်ဘဲ မိမိစိတ်ကြိုက် အရုပ်လေးတစ်ရုပ်လိုသာ ပြုပြင်မွမ်းမံလိုသော ဦးစောဟန်
♥ ဘဝတစ်လျှောက်လုံး မိမိဆန္ဒကိုရှေ့တန်းမတင်ဘဲ ခင်ပွန်းသည်အလိုကျသာနေပြီး ခင်ပွန်းသည်၏မေတ္တာလွန်ကဲမှုကြောင့် ပေါင်းချောင်ကလပ်အတွင်းမှ နှင်းဆီတစ်ပွင့်နှယ်ဖြစ်ကာ မွန်းကျပ်နေရှာသော ဝေဝေ
မိမိဆန္ဒကိုသာရှေ့တန်းတင်ပြီး မိမိယုံကြည်ရာကိုသာ ဇွတ်တရွတ်လုပ်သော ဦးစောဟန်
ဤကဲ့သို့ အစစအရာရာဆန့်ကျင်ဘက်ဖြစ်နေသော သူတို့နှစ်ဦး၏ အိမ်ထောင်ရေးကို စိတ်ဝင်စားဖွယ် ခံစားဖတ်ရှုရပါတယ်။
💘 စေတနာ၊ မေတ္တာအပြည့်ရှိလင့်ကစား ယဉ်ကျေးမှုမတူခြင်း၊ အမြင်မတူခြင်း၊ စရိုက်မတူခြင်း၊ လိုက်လျောနိုင်မှုမရှိခြင်းတို့ကြောင့် အိမ်ထောင်ရေးအဆင်မပြေပုံ၊ ဦးစောဟန်ရဲ့ မေတ္တာလွန်ကဲမှုသည် ဝေဝေ့အတွက် "ဆေး" တစ်ခွက်မဟုတ်ဘဲ "အဆိပ်" တစ်ခွက်ကဲ့သို့ဖြစ်သွားပုံတို့ကို ရင်နှင့်ဖွယ် ခံစားတွေ့မြင်နိုင်ပါတယ်။
ဗြိတိသျှအုပ်စိုးစဉ်ကာလ နယ်ချဲ့စနစ်နှင့် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုတို့အကြောင်းပါ သိမြင်ခံစားစေပါတယ်။
📚 ဤစာအုပ်သည် စဉ်းစားဆင်ခြင်စရာ၊ မှတ်သားစရာ၊ တွေးဖွယ်ထိုက်ရာ အသိပညာများစွာပေးသည့်အပြင် လူငယ်၊ လူကြီး၊ ကျား၊မ မရွေးဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်လည်းဖြစ်ပါတယ်။
"သူ့ကိုမမုန်းပါဘူး
ဝေ့ကိုယ်သာ ဝေမုန်းပါတယ်
ဘာဖြစ်လို့လဲဆိုတော့
သူ့ကိုသိပ်ချစ်ခဲ့မိလို့ " 💔
တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုရှိပြီး သာယာပျော်ရွှင်သောအိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်

#HsuYadanar's Review
9.1.2021



Post a Comment

1 Comments

.