မြတ်လေးရွှေဓါးဗိုလ်
စာအုပ်အမည် - မြတ်လေးရွှေဓါးဗိုလ်
စာရေးသူ - ဇေယျ
အမျိုးအစား - ဝတ္ထုရှည်၊ ဂန္တဝင်
Encode Font - Unicode
E-book Source - ebooks4mm.org
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
Book Reviews
ဇေယျ - မြတ်လေးရွှေဓားဗိုလ်
တောင်ပြောမြောက်ပြော ပြောပြီးတဲ့ သကာလ စာအုပ်တစ်အုပ် တင်ပါမယ်။ ဒီစာအုပ်ဟာ ကျနော် ငယ်ငယ်ကတည်းက ကြိုက်မိတဲ့ စာအုပ်တစ်အုပ်ပါ။ ကျနော်တို့ ငယ်ငယ်က ဒီစာအုပ်ကို အုပ်လိုက် ကိုင်မဖတ်ခဲ့ရပါဘူး။ သတင်းစာကနေ အခန်းဆက်အနေနဲ့ ဖေါ်ပြတာပဲ ဖတ်ခွင့်ရခဲ့ပါတယ်။ နေ့တိုင်း စောင့်ပြီး ဖတ်ခဲ့ရတာပါ။ အဲချိန်တုန်းက ဆရာကြီးဇေယျကို ဆရာသန်းဆွေတို့ ဆရာသော်တာဆွေတို့နဲ့ သက်တူရွယ်တူ ထင်ခဲ့မိဖူးတယ်။ နောင်များမှ ဆရာကြီးဇေယျဟာ သခင်ကိုယ်တော်မှိုင်းရဲ့ သမက်မှန်း သိရတယ်။
မြတ်လေးရွှေဓားဗိုလ်ကို ဖတ်မိတုန်းက ရွှေဓားဗိုလ်ဆိုတဲ့လူဟာ တစ်ဖက်ရန်သူကို မထီတရီ လုပ်ပြီးကစားတတ် အနိုင်ယူတတ်တယ်။ မြန်မာ့ဓလေ့နဲ့ ယှဉ်ထိုးပြီး ဆန်းတော့ ဆန်းသားလို့ အတွေးရောက်ဖူးတယ်။ ဖတ်လို့လဲ အင်မတန်ကောင်းတာကို။ နောက်များမှ သိရတာက ဒီစာအုပ်လဲ အနောက်နိုင်ငံက ဝတ္ထုကို မှီရေးတာမှန်း သိလိုက်ရတယ်။
Post a Comment
0 Comments