စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။
Book Reviews
Anthony Grey၏ Pekingကို ဘာသာပြန်ထားခြင်းဖြစ်သည်။ မူရင်းစာရေးသူသည် ဆိုင်ဂုံဝတ္ထုရှည်ကြီးဖြင့် ကမ္ဘာ့စာဖတ်ပရိသတ်၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ သူ၏စာအုပ်များတွင် ဆိုင်ဂုံနှင့် ယခုပီကင်းစာအုပ်မှာ သူ၏အကောင်းဆုံးလက်ရာနှစ်ပုဒ်ဟု လူသိများခဲ့သည်။ စာအုပ်အကြောင်းအရာမှာ ခေတ်သတ်တရုတ်နိုင်ငံအကြောင်း တခမ်းတနား ရေးဖွဲ့ထားသည့် ဝတ္ထုကြီးဖြစ်၍ ၁၉၂ဝ နှင့် ၁၉၈ဝ ပြည့်နှစ်များ၏ နှစ် ၆ဝ ကာလကို နောက်ခံထားခြင်းဖြစ်သည်။ တရုတ်ခေါင်းဆောင် မော်စီတုန်း၊ ချူအင်လိုင်းဘဝများနှင့်တကွ ပီကင်းရှိ တရုတ်ပြည်သူမျာ၏ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ၊ လူမှုရေးဘဝများနှင့် စစ်ရေးဘဝများအား အပီအပြင် ဖတ်ရှုရမည်ဖြစ်သည်။ ပီကင်းကို ရှေ့တန်းတင်ကာ နောက်ဘက်ရှိ တရုတ်လူမျိုးတို့၏ ၁၉ ရာစု ရုန်းကန်လှုပ်ရှားမှုကြီးတစ်ရပ်ကို ရေးဖွဲ့ထားခြင်းလည်းဖြစ်သည်။
Post a Comment
0 Comments