Updated Books
Loading...

တို့ပိုင်တဲ့ မြေ

[PDF] [EPUB] [KFX] [MOBI]

စာအုပ်အမည် - တို့ပိုင်တဲ့ မြေ

စာရေးသူ - မောင်ထွန်းသူ

အမျိုးအစား - ဘာသာပြန်

စာမျက်နှာ - ၃၈၆

Encode Font - Unicode



[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

အမေရိကန်စာရေးဆရာကြီး ဂျွန်စတိန်းဘက်ရဲ့ Of Mice And Men ကို မောင်ထွန်းသူ ဘာသာပြန်ထားသော 'တို့ပိုင်တဲ့မြေ'
ဂျော့နဲ့လင်နီဆိုသော သူငယ်ချင်းနှစ်ယောက် အမေရိကန်တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ဘက်မှာ အလုပ်လုပ်ဖို့ အတူတစ်ကွထွက်လာကြတယ်။
သူတို့လုပ်ရမယ့်အလုပ်က ဘာလီအိတ်တွေသယ်ပေးဖို့ပေါ့။
လုပ်ခကတော့ တစ်လကို ဒေါ်လာ "၅၀"
ဂျော့က လူကောင်ခပ်သေးသေး ပိန်ပိန်ပါးပါး လက်တွေကသန်သန်မာမာ သွက်လက်တဲ့ပုံပေါက်တယ်။
လင်နီ ဆိုတာက လူထွားကြီး။
လူကောင်က ခပ်ကြီးကြီး ခြေလက်ကတုတ်တုတ်ခိုင်ခိုင်။
လင်နီဆိုတဲ့ကောင်က လူကောင်က ကြီးသော်လည်း အသိဥာဏ်မရှိ။
ဦးနှောက်က ကလေးသာသာ။
တစ်ခါတစ်ရံ ကလေးဆိုးကြီးတစ်ယောက်လို ဂျော့အပေါ် စိတ်ကောက်တတ်သူ။
သို့သော် သူက ဂျော့စိတ်ဆိုးမှာတော့ သေမလောက်ကြောက်သူ။
ဂျော့စကားကို မြေဝယ်မကျနားထောင်သူ။
မင်းသူနဲ့စကားမပြောနဲ့ဆိုရင် လုံးဝမပြောသူ။
ပြောမိလျှင်လည်း ဂျော့စိတ်ဆိုးမှာ အလွန်ကြောက်သူ။
တိရစ္ဆာန်ငယ်ကလေးများကို အလွန်အမင်းချစ်ခင်သော လင်နီ။
ကြွက်ကလေးတွေကို အင်္ကျီအိတ်ထဲထည့်ပြီး ပွတ်ပေးနေရမှ ကျေနပ်နေသူ။
ဂျော့စိတ်ဆိုးလျှင် သူ့အတွက် နေစရာနေရာ မရှိလောက်အောင် ဖြစ်ရသူ။
အဆမတန် အားသန်သောလင်နီ။
တစ်ခုခုမှာထားရင် ချက်ချင်းမေ့တတ်သောလင်နီ။
ဆိုးဆိုးရွားရွား မှတ်ဥာဏ်ချို့ယွင်းသော လင်နီ။
အလုပ်ရှင်ရှေ့မှာ စကားမပြောနဲ့လို့ ဂျော့ကမှာထားတဲ့အတွက် လုံးဝစကား မပြောသောလင်နီ။
အလုပ်ရသွားပြန်တော့လည်း အလုပ်ရှင်ရဲ့ သားနဲ့ကော ချွေးမနဲ့ပါ စကားမပြောပါနဲ့ဆိုတဲ့ အတွက် စကားမပြောသောလင်နီ။
မင်းအမှားလုပ်ရင် ယုန်ကလေးတွေ အထိန်းမခိုင်းတော့ဘူးဆိုတဲ့အတွက် ယုန်မထိန်းရမှာ အလွန်ကြောက်သောလင်နီ။
ဂျော့ကို သူအမြဲတမ်းအပြောခိုင်းတဲ့ သူတို့ရဲ့ စိတ်ကူးအိပ်မက်အကြောင်းကတော့
သူတို့နှစ်ယောက် ပိုက်ဆံစုပြီး ကိုယ်ပိုင်မြေကလေး ဝယ်မယ်။
အဲဒီမြေပေါ်မှာ သီးနှံပင်ကလေးများ စိုက်ပျိုးပြီး ဝက်ကလေးကြက်ကလေးမွေး
သူတို့တွေ နို့သောက်ဖို့ နွားမတစ်ကောင်ဖြစ်ဖြစ် ဆိတ်မတစ်ကောင်ဖြစ်ဖြစ်မွေးမယ်။
ဆောင်းတွင်းမိုးရွာရင် ဘယ်မှမသွားဘာမှ မလုပ်ပဲ အိမ်ထဲမှာပဲနေမယ်။
နောက်ပြီး ယုန်ကလေးတွေမွေးမယ်။
အဲဒီယုန်ကလေးတွေကို လင်နီကထိန်းရမယ်။
ယုန်ကလေးတွေအတွက် လင်နီကအစာရှာကျွေးရမယ်။
တနင်္ဂနွေလို ရက်မျိုးတွေမှာ ပြဇာတ်တွေဘာတွေသွားကြည့်ကြမယ်။
တို့ပိုင်တဲ့မြေပေါ်မှာ တို့ကြိုက်သလိုနေလို့ရမယ်။
ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။
လင်နီက သူ့ကို အဲဒီလိုပြောပြရင် အရမ်းသဘောကျတယ်။
သူ့ပါးစပ်က အမြဲတန်းပြောတဲ့ စကားကယုန်ကလေးတွေကို သူထိန်းရမယ်ဆိုတဲ့စကား။
ဂျော့အပေါ်မှာ အယုံကြီးယုံသော လင်နီ။
တစ်နေ့မှာ ဂျော့တို့ သံကွင်းပစ်ကစားနေတဲ့အချိန် သူကခွေးပေါက်ကလေးကို ပွတ်ပေးနေတုန်း အလုပ်ရှင်ရဲ့ ချွေးမသူ့နား ရောက်လာပြီးသူ့ကို စကားပြောတယ်။
သူက ပထမပြန်မပြောဘူး။
နောက်တော့ပြန်ပြောမိတယ်။
အဲဒီလို ပြန်ပြောမိတာမှာ သူ့အတွက် ဘယ်လိုမှပြင်လို့မရတဲ့ အမှားကြီးကို မှားခဲ့တယ်။
ငါ့ကိုဂျော့ကမှာထားတယ်။
ခုတော့ငါ့ကို ဂျော့စိတ်ဆိုးသွားပြီလား မသိဘူး။
ငါ့ကို ယုန်လေးတွေ အထိန်းခိုင်းပါတော့မလားမသိဘူး ဆိုတဲ့ စိုးရိမ်မှုတွေကို ရင်ဝယ်ပိုက်နေတဲ့ လင်နီရဲ့ သနားစရာအဖြစ်တွေကို မောင်ထွန်းသူက ထိထိမိမိနဲ့ ကြည်နူးဖွယ်၊ ဝမ်းမြောက်ဖွယ်၊ နှစ်သက်ဖွယ်၊ ပျော်ရွှင်ဖွယ်၊ ဂရုဏာသက်ဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ ရင်နင့်ဖွယ် ရေးဖွဲ့ထားသော "တို့ပိုင်တဲ့မြေ" ဆိုတဲ့စာအုပ်။
မောင်ထွန်းသူ ဘာသာပြန်တဲ့ စာအုပ်ဆိုရင် ဘာစာအုပ်ဖြစ်ဖြစ် မျက်လုံးမှိတ်ပြီးသာ ဖတ်လိုက် ဘယ်တော့မှ အရှုံးမရှိစေရဘူးဆိုတဲ့ ထုံးစံအတိုင်း စာဖတ်သူများ လုံးဝဖတ်သင့်သောစာအုပ်တစ်အုပ်။

Post a Comment

0 Comments