Updated Books
Loading...

မျှော်တလင့်လင့်

စာအုပ်အမည် - မျှော်တလင့်လင့်

စာရေးသူ - ရွှေဥဒေါင်း

အမျိုးအစား - ဘာသာပြန်၊ ဝတ္ထုရှည်

Encode Font - Unicode

E-book Source - Raz Rango


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

📘စာရေးဆရာကြီးCharlesDickens၏ အကောင်းဆုံး ၀တ္ထုတစ်ပုဒ်‌ဖြစ်သော Great Expectationsကို ဘာသာပြန်ဆိုထားသော ၀တ္ထုဖြစ်သည်။ ဆရာရွှေဥဒေါင်းသည် ဤမျှော်တလင့်လင့်၀တ္ထုဖြင့် ၁၉၅၂ခုနှစ်တွင် ဘာသာပြန်ဆုရရှိခဲ့သည်။ဘာသာပြန်စာပေတို့ကို နှစ်ခြိုက်သူတို့အဖို့ အကြိုက်တွေ့စေမှာပင် ဖြစ်သည်။

📘၀တ္ထု၌လူတို့၏ မတူကွဲပြားသော သဘောစရိုက်တို့ကို ပေါ်လွင်အောင် ရေးသားထားသည်။ဇာတ်ကောင်တစ်ဦးချင်းစီတိုင်းသည် သဘာ၀ကျကာ အသက်၀င်လှသည်။ ဇာတ်အိမ်ဇာတ်လမ်းမှာလည်း လျှို့ဝှက်သည်။ဆွဲဆောင်မှုရှိလှသည်။ စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ ဆရာရွှေဥဒေါင်းသည် ဤ၀တ္ထုကို တိုတိုနှင့်ထိထိမိမိ အကျဉ်းချုံးရေးသားထားခဲ့ပုံရသည်။စကားလုံးနူးနူးညံ့ညံ့နှင့် စာသားအလှအပတို့ကို ခံစားဖတ်သူတို့အဖို့တော့ ယခု၀တ္ထုကိုဖတ်ရသည်မှာ ပြတ်တောင်းတောင်းဖြစ်လှသည်ဟု ခံစားရလိမ့်မည်။သို့သော်ဖတ်ပြီးလျှင်တော့ဖြင့် အတွေးတစ်ခု သို့မဟုတ် ဆင်ခြင်စရာတစ်ခုတော့ ရကောင်းရလိမ့်မည်ဟု ထင်မြင်မိပါသည်။

🔹ငယ်ရွယ်စဉ်ကပင် ဒေါသကြီး၍ စိတ်ထားမမှန်သောအမ၏ ဆူပူထိန်းကျောင်းခြင်းကို ခံခဲ့ရသည့် မိဘမဲ့က‌လေးပစ်(ပ)၊မျှော်လင့်လွန်းအားကြီး၍ လက်ရှိကို မရောင့်ရဲမတင်းတိမ်နိုင်သောပစ်(ပ)၊အရာရာပြီးဆုံး၍ နောင်တရချိန်မှာတော့ မိမိ၏အမှားများကို ပြန်ဆင်ခြင်မိသောပစ်(ပ)။

🔹အမြဲဒေါသကြီး၍ စိတ်မမှန်သောပစ်(ပ)၏ အမမစ္စဂါဂရီ၊ဘယ်သောအခါမျှ စိတ်မဆိုးတတ်သည်အထိ အလွန်သဘောကောင်း၍ ထားရာ၌ အေးအေးနေတတ်သော လူရိုးလူအေးကြီး ပစ်(ပ)၏ယောက်ဖ မစ္စဂါဂရီ‌၏ခင်ပွန်း ဂျိုး။

🔹ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနှင့် နေရသော်လည်း ချစ်ခင်ရသောသူထံမှ သစ္စာဖောက်ခံရသောကြောင့် ၀မ်းနည်းကြေကွဲ အရှက်တကွဲဖြစ်ကာ လူတကာတို့ကို လက်စားချေလိုစိတ် အမုန်းအာဃာတတို့ ပြင်းထန်နေသော မစ္စဟေဗီရှံ။

🔹မစ္စဟေဗီရှံ၏ အလိုကျ ပုံသွင်းခြင်းခံရပြီး ခံစားချက်မဲ့နေသော မစ္စဟေ‌ဗီရှံ၏‌ မွေးစားသမီး အဲ့စတယ်လာ။

🔹အရာရာစေ့စပ်သေချာ၍ မိမိ၏ အသက်မွေး၀မ်းကြောင်းအလုပ်၌ ကျွမ်းကျင်လိမ္မာသော ရှေ့နေမစ္စတာဂျက်ဂါး။

🔹ထိခိုက်သမျှကို စိတ်မပျက်လက်မပျက် သည်းခံ၍ မျှော်လင့်ချက်ထားကာ ရွှင်ပျပျနေတတ်သော ပစ်(ပ)၏ သစ္စာရှိသော သူငယ်ချင်းကောင်း ဟားဘတ်။

📘ကျွန်ုပ်အနေဖြင့် ဤစာအုပ်ကို သုံးခေါက်လောက် ကောင်းစွာဖတ်ပြီးမှ စာအုပ်၏ရည်ရွယ်ချက်နှင့် အကြောင်းအရာတချို့ကို နားလည်လာရခြင်း ဖြစ်သည်။ဘာသာပြန်စာပေတို့ကို နှစ်ခြိုက်သူတို့အဖို့ကတော့ ဤစာအုပ်သည် အဖိုးတန်ရတနာတစ်ခု ဖြစ်မည်ပင်။နိဂုံးချုပ်ရသော် ဤစာအုပ်ကိုဖတ်ကြည့်ရန် တိုက်တွန်းပါသည်။တစ်ခါမျှနှင့် နားမလည်လျှင် အခါခါဖတ်ပါ နားလည်လာပါလိမ့်မည် တန်ဖိုးရှိသော စာအုပ်ကောင်းတစ်အုပ်မှန်း သိလာပါလိမ့်မည် ဟုသာဆိုချင်ပါတော့သည်။

Moe Thiri Paing



Post a Comment

0 Comments

.