Updated Books
Loading...

ကောလိပ်ကျောင်းသား

စာအုပ်အမည် - ကောလိပ်ကျောင်းသား

စာရေးသူ - ဇဝန

အမျိုးအစား - ဝတ္ထုရှည်၊ ဟာသ

Encode Font - Unicode

E-book Source - ebooks4mm.org


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

ဂန္ဒဝင်ဝတ္ထုစာရင်းထဲမှာပါတဲ့ "ကောလိပ်ကျောင်းသား" က လွန်ခဲ့သော ၁၉၃၀ ခုနှစ် ပတ်ချာလည်ကို အခြေပြုပြီး ရေးသားထားတာပါ ။ ရန်ကုန်တက္ကသိုလ် အခြေပြု ဆွတ်ပျံ့လွမ်းမောဖွယ် ကောလိပ်ကျောင်းသား နေ့ရက်များဆိုရင်လည်း မမှားဘူးဗျ ။

ဆရာဇဝန က နာမည်နဲ့လိုက်အောင် ဟာသဉာဏ်လည်း အတော်ရွှင်ရဲ့ ။ တစ်အုပ်လုံးကို ရယ်ရွှင်ဖွယ်စကားလုံးတွေ လှိုင်လှိုင်သုံးပြီး ရေးသားထားတယ် ။ ကောလိပ်သူ ကောလိပ်သားတွေကလည်း ဂျပိုးကျပါရဲ့ ။ တစ်ယောက်နဲ့တစ်ယောက် နောက်လားပြောင်လား ပျော်ပါးနေသူတွေ များတယ် ။

အမျိုးသားတွေက ကျော်ဝင်း ၊ သိန်းဖေ ၊ ဘဝင်း ။

အမျိုးသမီးတွေက မသန်းမြင့် ၊ မအေးစိန် ၊ မီမီ စသဖြင့် ရှေးဟန်နာမည်လေးတွေနဲ့ ဗြိတိသျှခေတ်အငွေ့အသက်တွေနဲ့အတူ ဇာတ်လမ်းဆင် တည်ဆောက်ထားတယ် ။

တက္ကသိုလ်ကျောင်းသားတွေရဲ့ထုံးစံ ကျောင်းပြေး ၊ မြာ​ပွေ ၊ ဖဲရိုက် စရိုက်စုံအောင်ပြထားတယ် ။ တဘက်မှာလည်း အားကစား ၊ ပညာရေး ၊ ကျောင်းတွင်းလှုပ်ရှားမှု (ဆိုပါစို့ အငြိမ့်ဝိုင်းလိုမျိုး) တွေမှာလည်း မညံ့တဲ့ သူကောင်းသားတွေအဖြစ် ပြထားတယ် ။ စာမေးပွဲနီးခါမှ ကမန်းကတန်းစာလုပ်ကြတာတွေ ၊ နှစ်ကျတွေက ဘယ်လိုတွေပွေးတာ စသဖြင့် Uni-life ရဲ့ စရိုက်စုံကို ပြန်လွမ်းမိပါရဲ့ ။

ကိိုလိုနီခေတ်ရဲ့ တက္ကသိုလ်ပညာရေးကိုလည်း လေ့လာနိုင်သလို လွမ်းမောဖွယ်ကျောင်းတော်သာရဲ့ ရသတွေလည်း တဝကြီးခံစားရမယ်ဗျ ။ အလင်္ကာတွေ ၊ စာချိုးတွေ ၊ ရတုပိုဒ်စုံတွေတောင် ကြိုကြားဖတ်ရ လေ့လာရသေးတယ် ။ ဟာသရသကိုလည်း မရိုင်းပဲရယ်နေရအောင် စကားလုံးအမျိုးမျိုးဖွဲ့ဆိုရေးပြသွားတာက တကယ်မှတ်သားရတယ် ။ ညွှန်းစရာတွေများလွန်းလို့ ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ပဲ ညွှန်းတော့မယ်ဗျာ ။ သိပ်ကောင်းတဲ့ စာအုပ်လေးပါ ။

#Happy Zone (Books & Coffee)
☎️ 09: 778822777

Post a Comment

0 Comments