Updated Books
Loading...

လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ

[PDF] [EPUB] [KFX] [MOBI]

စာအုပ်အမည် - လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ

စာရေးသူ - မြသန်းတင့်

အမျိုးအစား - ဘာသာပြန်

စာမျက်နှာ - 829

Encode Font - Unicode

E-book Creator - Myanmar Books for Kindle Reader



[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

📓 ဒီစာအုပ်လေးဖတ်ပြီတော့ Review ရေးချင်စိတ်ပေါက်သွားတယ်ဗျာ။ အမေရိကန်စာရေးဆရာကြီးErich Segal ရဲ့ The Class ဝတ္တုကိုဆရာကြီးမြသန်းတင့်က ဘာသာပြန်ပေးခဲ့တဲ့အတွက် ဆရာ့ကိုလည်း ကြည်ညိုရင်းစွဲအပြင်ပိုပြီကြည်ညိုမိတယ်။
📓ဇာတ်ကောင် အင်ဒရူးအဲ့လီယော့ရဲ့ နေ့စဉ်မှတ်တမ်းပုံစံနဲ့ အသေးစိတ်ချယ်သထားတဲ့ လောကပန်းချီကားတစ်ချပ်လို ဖတ်ပြီသွားတော့ခံစားရတဲ့စာအုပ်ကလေး။
📓အလွှာအသီးသီး ပုံစံအမျိုးမျိုးကလာကြတဲ့သူငယ်ချင်းငါးယောက် ။ သည်စာအုပ်ရဲ့မှတ်တမ်းရေးသူ
အင်ဒရူးအဲ့လီယော့ ၊ ရေဝတီ(ဂျူး)လူမျိုး ဂျေဆန်ဂီးလ်ဗတ် ၊ စန္ဒရားတီးအလွန်ဝါသနာပါတဲ့ ဒန်နီရယ်ရော့ဆီ ၊ တက္ကသိုလ်ပရိဝုဏ်မှာကြီးပြင်းလာပြီတစ်နေ့ဟားဗတ်ရဲ့ပါမောက္ခဖြစ်ရမယ်ဆိုတဲ့ သီယိုဒိုလင်းဗရိုစ် ၊ ကလေးဘဝမှာကြောက်စရာလူကြီးနှစ်ဦးကြီးစိုးခဲ့တယ်တဲ့ တစ်ယောက်က စတာလင်နဲ့ တစ်ယောက်ကသူ့အဖေဆိုပြီ အမေရိကန်ကိုပြည်ပြေးအဖြစ်ထွက်ပြေးလာတဲ့ ဟန်ဂေဒီယန်လူငယ် ဂျော့ကယ်လား ဆိုတဲ့ လူငယ်ငါးယောက်။
📓၁၉၅၄-၁၉၅၈ ပညာသင်နှစ်မှာဟားဗတ်မှာစုံခဲ့ကြတယ်။ ပျော်ရွှင်စရာ ရင်ဖိုစရာတက္ကသိုလ်ကျောင်းတော်သားဘဝကို ဖြတ်သန်းကြရတယ် ဟိုးမားရဲ့ကဗျာရှည်ကြီးတွေက စာဖတ်သူကိုပါ စွဲဆောင်စေခဲ့တဲ့ ၄ နှစ်တာပညာသင်နှစ်။
📓၄နှစ်တာပြီဆုံးချိန်မှာ နွေးထွေးတဲ့အမိတက္ကသိုလ်ကနေ ကြမ်းတမ်းတဲ့လောကလမ်းကိုလျောက်လှမ်းကြရပြီ ယုံကြည်မှုတွေ ခံယူချက်တွေနဲ့ တစ်ယောက်က ကမ္ဘာကျော်စန္ဒရားပညာရှင် ၊တစ်ယောက်က အစ္စရေးနိုင်ငံရဲ့ စစ်သည်တော် ၊ တစ်ယောက်ကဘဏ်လုပ်ငန်းရှင် ၊ တစ်ယောက်ကဟားဗတ်တက္ကသိုလ်ကြီးရဲ့ မဟာဌါနမှူး ၊နောက်တစ်ယောက်ကြပြန်တော့ အမေရိကန်ပြည်ထောင်စုကြီးရဲ့လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတဲ့စတဲ့ လောကဇာတ်ရုပ်အသီးသီးကိုဖြတ်သန်းကြရတယ်။
📓သူတို့ရဲ့အောင်မြင်မှုဟာ သူတို့ရဲ့မိသားစုဘဝတွေနဲ့ထပ်တူကြပါရဲ့လား။
📓ပျော်မယ်လို့ထင်ခဲ့တဲ့လက်ခုပ်သံတွေအလယ်မှာ ပျော်ကြပါရဲ့လား။
📓၂၅နှစ်ငွေရတုသဘင်မှာ ပြန်စုံကြတဲ့အခါ လန်းလန်းဆန်းဆန်းနဲ့ လူငယ်ဘဝလို့ပြန်မရနိုင်တော့တဲ့အခါ လွမ်းဆွတ်တသဖြစ်ကြရပုံ စသည်စသည်ဖြင့်ဘဝသရုပ်ဖော်စုတ်ချက်ပြင်းတဲ့ပန်းချီကားတစ်ချပ်လိုခံစားရတဲ့ လွမ်းစရာ့စာအုပ်ကလေး။
ဖတ်ဖြစ်အောင် ဖတ်သင့်လို့ဆရာကြီးမြသန်းတင့်ကဘာသာပြန်ခဲ့တဲ့ထင်ပါရဲ့။ ။🙏🙏🙏
မျိုးမင်းအောင်

Post a Comment

0 Comments