Updated Books
Loading...

ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုး၏ရှင်းပြချက်

စာအုပ်အမည် - ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုး၏ရှင်းပြချက်

စာရေးသူ - တက်တိုး

အမျိုးအစား - ဘာသာပြန်၊ ဝတ္ထုတို၊ စာပေဝေဖန်ရေး

Encode Font - Unicode

E-book Source - www.ebooks4mm.org


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

ဝတ္ထုတိုကောင်းတစ်ပုဒ် ဆိုသည်မှာ အဘယ်နည်းဆိုသည်ကို ရုတ်ခြည်းဖြေဆိုရန် မလွယ်ကူသလို နားလည်သဘောပေါက်နိုင်ရန်မှာလည်း ခဲယဉ်းလှသည်။

ထိုကြောင့်လည်း ဆရာကြီးတက်တိုးက ဤစာအုပ်တွင် နိုင်ငံတကာမှ စာရေးဆရာကျော်များ၏ လက်ရွေးစင်ဝတ္ထုတိုလက်ရာအချို့၏ ဘာသာပြန်ဆိုချက်နှင့် ၎င်းတို့ကို နမူနာပြကာ ဝေဖန်ထောက်ပြဆွေးနွေထားသည်။ ပွတ်ရှကင် ရေးသားသည့် သေနတ်သံ၊ ပါချင်း ရေးသားသည့် ငွေဝယ်ကျွန်မလေး၊ ရှေးဟောင်းတရုတ်ဝတ္ထုတစ်ပုဒ်ဖြစ်သည့် ဖူးစာကံ၊ ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးရေးသားသည့် ချစ်တုံ့မပြန်၊ ရာမစန္ဒြ ရေးသားသည့် တစ်သက်တစ်ခါ၊ ပါးလ်ဗတ် ရေးသားသည့် ယဉ်နွဲ့ဟန်၊ ဆမ္မာဆက်မော်မ် ရေးသားသည့် သြော် ချစ်ကြပေတယ်၊ ကက်သရင်းမင်းစဖီးလ်ဒ် ရေးသားသည့် သီလရှင်၊ ပါးလ်ဗတ် ရေးသားသည့် ပြန်ပေး၊ စီအက်စ် ဖော်ရက်စတား ရေးသားသည့် သက်သေခံစာ အစရှိသည်တို့ကို ဆရာတက်တိုး၏ ဘာသာပြန်ဆိုချက်၊ မူရင်းစာရေးသူ အကြောင်းနှင့် သူ၏ အရေးအသားဝေဖန်ချက်၊ ဝတ္ထုဇာတ်လမ်းအကြောင်းနှင့် ဇာတ်လမ်းဆင်ပုံကောင်းမွန်မှုတို့ကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။

Post a Comment

0 Comments