Updated Books
Loading...

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

စာအုပ်အမည် - ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

စာရေးသူ - ဒဂုန်ခင်ခင်လေး

အမျိုးအစား - သမိုင်း

Encode Font - Unicode

E-book Source - www.ebooks4mm.org


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

မင်းကြီးမင်းတင်မဟာစည်သူ ဝက်မစွတ်မြို့စားမင်း ဝန်ထောက်တော်ဦးလတ်၏ မြေးရင်းဖြစ်သူ ဒဂုန်ခင်ခင်လေး ရေးသားသည့် မြန်မာ့သမိုင်းစာအုပ်ဖြစ်သည်။ မှူးမတ်မျိုးနွယ်ဖြစ်သူ စာရေးသူသည် အဘိုးတော်သူ ဝက်စွတ်ဝန်ထောက်မင်း၏ နေ့စဉ်မှတ်တမ်းကို အခြေခံ၍ ရာဇဝင်တွင် စာမတင်ခံရသေးသည့် ဖြစ်ရပ်များကို ရသမြောက်စွာ ရေးဖွဲ့ထားခြင်းဖြစ်သည်။

ေခတ်ကာလအားဖြင့် ရတနာပုံခေတ် မင်းတုန်းမင်းတရားကြီးနှင့် သားတော် သီပေါမင်းလက်ထက်ကာလကို အဓိကထား ရေးသားထားသည်ကို တွေ့ရသည်။ ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးအထွဋ်အထိပ်မရောက်မီ မသမာသူ မှူးမတ်ဝန်ကြီးများကြောင့် နောင်တော်ပုဂံမင်းကို နန်းချကာ အမရပူရကိုသိမ်းပိုက်ပြီးနောက် ရတနာပုံ (မန္တလေး) ကိုထူထောင်ခဲ့ရသည့် ရာဇဝင်သမိုင်း ဖြစ်ရပ်များမှသည် သီပေါမင်းနန်းကျ၍ အင်္ဂလိပ်တို့ ဖမ်းယူသွားကာအကျယ်ချုပ်ဖြင့် ထားရာကနတ်ရွာစံပြီးနောက်ပိုင်း မြန်မာနိုင်ငံ ပြန်လာခွင့်ရခဲ့သည့် မိဖုရားကြီးစုဖုရားလတ် ကွယ်လွန်သည့်အချိန်ထိ သမိုင်းဖြစ်ရပ်များကိုစစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ သာသနာရေးနှင့် လူမှုရေး ဖြစ်ရပ်များကို ဘက်မလိုက်ဘဲ မှတ်တမ်းတင်ရေးသား ပြုစုထားသည်။

ထို့အပြင် လှိုင်ထိပ်ခေါင်တင်၏ အနုပညာလက်ရာ၊ တောင်သမန်လယ်စား မောင်ဖေငယ်၊ စလေဦးပုညနှင့် အချုပ်တန်း ဆရာဖေတို့၏ ကွဲပြားခြားနားသောကဗျာလက်ရာများကိုပါ ရှင်းပြပေးထားပြီး ရတနာပုံခေတ် အုပ်ချုပ်ရေး ယန္တရားဖွဲ့စည်းလည်ပတ်ပုံများ၊ လစာဝင်ငွေများ၊ တပ်မတော်ဖွဲ့စည်းပုံနှင့် အုပ်ချုပ်သူများ၏ တစ်ဦးချင်းစရိုက်လက္ခဏာများကိုပါ ထည့်သွင်းပြုစုပေးထားသည်။

ကုန်းဘောင်ခေတ် ရာဇဝင် အစောင်စောင်တွင် မတွေ့နိုင်သည့် ရာဇဝင်ဖြစ်ရပ်များကို ဤစာအုပ်တွင် တွေ့နိုင်သည်ဟု စီစဉ်သူက ညွှန်းဆိုထားသည်။




Post a Comment

0 Comments

.