Updated Books
Loading...

ညီမလေးက အချစ်ကိုကိုးကွယ်သတဲလား

စာအုပ်အမည် - ညီမလေးက အချစ်ကိုကိုးကွယ်သတဲလား

စာရေးသူ - မိုးမိုး(အင်းလျား)

အမျိုးအစား - အချစ်ဝတ္ထုရှည်

Encode Font - Unicode

E-book Source - Myanmar Books for Kindle Reader


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

အခု Review ရေးမယ့်စာအုပ်လေးဟာ ဆရာမရဲ့ နာမည်ကြီးစာအုပ်တွေ အထဲကတစ်အုပ် ဆိုလည်းမမှားဘူးရယ်။

ဆရာမ မိုမိုး(အင်းလျား)ရဲ့စာအုပ်တွေဟာ မိန်းကလေးတွေ အတွက်တော့ သိပ်ကိုအဖိုးတန်တဲ့ စာအုပ်လေးတွေပါ။ မိန်းကလေးတွေ အနေနဲ့ရော ၊ ယောက်ျားလေးတွေ အနေနဲ့ရော တော်တော် သင်ခန်းစာရတဲ့ စာအုပ်မျိုးတွေပါ။ ဒီစာအုပ်လေးက အချစ်ကို ကိုးကွယ်မိသော “စု” ဆိုတဲ့ကောင်မလေး တစ်ယောက်အကြောင်း ဖော်ပြထားသော စာအုပ်လေးဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ရင်း “စု” ကိုသနားလည်းသနား အားမလို အားမရဖြစ်မိတယ်။ “စု” ရယ်ဘာလို့များ အဲ့လောက်ချစ်တတ် ရသလဲလို့သာ အော်ပြီးသာ မေးလိုက်ချင်မိတယ်။

“စု”ဆိုတယ့်ကောင်မလေးက “ကိုကိုဦး” ဆိုတယ့် စာရေးဆရာ ပေါက်စလေးတစ်ဦးကို ပထမဆုံးရင်ခုန်မိလေသည်။‌ နောက်ပိုင်း ဖခင်ဖြစ်သူ၏ ဆုံးမမှုတစ်ချို့ကြောင့် ထိုရင်ခုန်သံပျောက်ခဲ့လေ သည်။

သို့သော် ပိုဆိုးသည်ကာ“နေမင်း”ဆိုသော ကောင်လေး၊ မိဘလုပ်စားထိုင်စားပြီး ဖြစ်ချင်တိုင်းဖြစ်နေသော ကောင်လေးကိုမှ ဒုတိယ အကြိမ် ရင်ခုန်မိပြန်သည်။ ထိုရင်ခုန်မှုသည် “စု” အားမည်မျှ ဒုက္ခပေးမည်နည်း။ မိမိအပေါ်ချစ် သလိုလိုရှိပေမယ့် နားလည်မှုမရှိတယ့် “နေမင်း” ကို နောက်ဆုံး “စု” လက်ထပ်ယူခဲ့သည်။

“နေမင်း” ကတော့ ဆိုးမြဲဆိုးပေမြဲပေ‌၏။ “နေမင်း” ရဲ့အဆိုးဒဏ်ကိုခံရသော “စု” တစ်ယောက် ရောဂါတွေလည်း ရလို့ရ။ “စု” မှားတာဟာ ကိုယ့်ကိုချစ်တဲ့ဆိုတဲ့လူကို ဘယ်လောက်ဆိုးဆိုး ကိုယ့်အနေနဲ့ပြုပြင်ပေးလို့ ရလိမ့်မယ်လို့ထင်ခဲ့တာက အဓိက အမှားပဲ။ (မွေးသ‌န္ဓေသေမှပျောက်)ဆိုတဲ့ စကားလည်းရှိတယ်မလား။

အချစ်ကိုကိုးကွယ်မိတဲ့“စု”နောက်ဆုံးဘာဖြစ်သွားမလဲ။ “နေမင်း”ကရော “စု" အပေါ် ပြန်ကောင်းမှာလား။ ဆွဲဆောင်မှုရှိလွန်းတဲ့ ဒီစာအုပ်လေးကို မဖတ်ရသေးဘူးဆိုရင်‌တော့ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါ။ အထူးသဖြင့် မိန်းကလေးတွေ ပိုပြီးဖတ်သင့်ပါတယ်နော်။ ဖတ်ပြီးရင်ရင်ထဲမှာ အမြဲတမ်းလိုလို “စု” ဆိုတဲ့ ကောင်မလေးကို သတိတွေရနေမိမှာ။

(မှန်ကန်သောအချစ်ကို သာရွေးချယ်နိုင်သူများ ဖြစ်ကြပါစေ။)

(အားလုံးကျန်းမာရေးဂရုစိုက်ကြပါရှင့်။) ♡︎♡︎

#khinkhincommunity_sabei




Post a Comment

0 Comments

.