စဉ်းစားစရာလေးတွေ
စာအုပ်အမည် - စဉ်းစားစရာလေးတွေ
စာရေးသူ - အောင်သင်း
အမျိုးအစား - ဆောင်းပါး၊ အမေးအဖြေ
Encode Font - Unicode
E-book Source - E-iNk မြန်မာစာအုပ်များ
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
Book Reviews
ယခု ဤစာအုပ်တွင် ကျွန်တော်၏ ဆောင်းပါးများသာမက ဘဲ အမေးအဖြေများလည်း ပါနေသည်ကို တွေ့ရလိမ့်မည်။ အမှန် ပြောရလျှင် ထိုထိုသောအမေးအဖြေများကို ကြီးကြီးကျယ်ကျယ် လုပ်ပြီး စာအုပ်အဖြစ် ထုတ်ဝေရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါ။ သို့သော် “ဇွန်ပွင့်စာပေ”မှ ထုတ်လိုသည်ဟု တောင်းခံလာပါသည်။ ကျွန်တော်က ကလေးကလား ပေါ့ပျက်ပျက် ဖြစ်နေလျှင် စာဖတ်သူ ကို မလေးစားရာ ရောက်နေမည်ဟု ပြောသောအခါ “ဇွန်ပွင့်စာပေ” က ကျွန်မတို့ သေချာဖတ်ပြီးပါပြီ။ တစ်ချို့အကြောင်းအရာတွေ ဆိုရင် အတော်ကို လေးလေးနက်နက် ရှင်းပြထားတာကို တွေ့ရ တယ်။ ပေါ့ပျက်ပျက်တွေဆိုရင် ကျွန်မတို့ကလည်း ဘယ်မှာ ထုတ် ပါ့မလဲ။ ဆရာသာ နာမှာ မဟုတ်ဘူး။ ကျွန်မတို့စာအုပ်တိုက်လည်း နာသွားမှာပေါ့။ ဆရာလည်း ပြန်ဖတ်ကြည့်ပါဦး”ဟု ပြောပါသည်။ သို့နှင့် ကျွန်တော် ပြန်ဖတ်ကြည့်လိုက်တော့ အချို့သော ဖြေကြား ချက်များမှာ ထိုက်သင့်သလောက် လေးလေးနက်နက်ကလေးတွေ ပါနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ထုတ်ခွင့်ပြုလိုက်ပါသည်။ အထူးသဖြင့် လူငယ် စာပေဝါသနာရှင်များအတွက် စိတ် ဝင်စားစရာဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
အောင်သင်း
Post a Comment
0 Comments