Updated Books
Loading...

ပျားရည်အိုင်

စာအုပ်အမည် - ပျားရည်အိုင်

စာရေးသူ - ခင်နှင်းယု

အမျိုးအစား - ဝတ္ထုရှည်

Encode Font - Unicode

E-book Source - Myanmar Books for Kindle Reader


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

/

ဒီစာအုပ်ဟာ အိမ်ထောင်ရေးဇာတ်လမ်းတစ်ခုပါ...ရမ္မက်တစ်ခုကြောင့် မိန်းမတစ်ယောက်အပေါ် ယစ်မူးခဲ့တဲ့ ယောက်ျား တစ်ယောက်ရဲ့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့တာတွေကို ပုံဖော်ထားတာပါ..

ဇာတ်လမ်းအကျဉ်းက

သာမန် အငှားလယ်သမားမိသားစုက မွေးဖွားလာတဲ့ ကိုတင်ဖေဟာ အချိန်တန်အရွယ်ရောက်တော့ တရွာတည်းနေတဲ့၊ သူ့လိုပဲ လယ်သမားတစ်ယောက်ရဲ့သမီး မြညိုဆိုတဲ့ အမျိသမီးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်

အိမ်ထောင်ကျတော့ သူ့အဖေရဲ့ လယ်အလုပ်တွေဝင်ကူရင်း တစ်ဖက်ကလည်း ကားဒရိုင်ဘာလုပ်ရင်းနဲ့ သူ့မိန်းမ မြညိုကတော့ ထမင်းဆိုင်အသေးလေးတစ်ဆိုင်ဖွင့်ပြီး တစ်ဖက်တလမ်းက ဝင်ငွေကူရှာပေးခဲ့ပါတယ် ...

ကိုတင်ဖေဟာ တောသား၊ ရိုးသားတယ်၊ ကြိုးစားတယ်၊ အလုပ်ရှင်ပေါ် သစ္စာရှိတယ်..အေးဆေးနေတတ်တဲ့သူ....

သူ့မိန်းမ မြညိုဟာ တောသူ၊ သူ့လိုပဲ ရိုးသားတယ်၊ ကြိးစားတယ်၊ သစ္စာရှိတယ်၊ခွင့်လွတ်တတ်တယ်၊ ခင်ပွန်းအပေါ်ယုံကြည်စိတ်အပြည့်ရှိတဲ့သူ...

မြညိုဟာ သူ့အမျိုးသားလုပ်နေတဲ့ လိုင်းပြေးဆွဲရတဲ့ ကားဒရိုင်အလုပ်ကို မနှစ်သက်လို့ဆိုပြီး ရွာက အသိဦးလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူဌေးမလေး မြိုင် ရဲ့အိမ်မှာ ကားဒရိုင်လုပ်ဖို့ ရန်ကုန်ကိုလွတ်လိုက်ပါတယ်...

ရန်ကုန်ရောက်လာတဲ့ ကိုတင်ဖေဟာ မြိုင်ရဲ့ ဒရိုင်ဘာ(မြိုင်ကတော့ သူ့အလုပ်ထဲက ဝန်ထမ်းတွေကိုတော့ အတွင်းရေးမှူးဆိုပြီး မိတ်ဆက်ပေးပါတယ်) အဖြစ်နဲ့ အလုပ်ဝင်ခဲ့ပါတယ်...

မြိုင်ဆိုတဲ့ သူဌေးမကတော့ သိပ်ထက်မြတ်တဲ့သူ၊ စီးပွားရေးအကွက်မြင်သလို အိမ်ထောင်ရေးနဲ.ပတ်သတ်ပြီး ခံယူချက်က ယောက်ျားတစ်ယောက်ဆီမှာ ကျွန် မခံနိုင်ဘူးဆိုတာပဲ...မြန်မာပြည်မှာမွေး အနောက်တိုင်းမှာကြီးပြင်းလာပြီး အနောက်တိုင်းယဉ်ကျေးမှုကို ကျင့်သုံးတဲ့သူ...မိဘတွေဆုံးပြီး ဒေါ်ခင်သန္တာဆိုတဲ့ အကြီးနဲ့နေတဲ့သူ ... ကိုတင်ဖေဟာ မြိုင် ရဲ့ ဒရိုင်ဘာအဖြစ်နဲ့ အဆင်ပြေပြေနေလာခဲ့ပြီး ရတဲ့ငွေတွေကိုလည်း သု့မိန်မ မြညိုဆီ ပို့ပေးခဲ့ပါတယ်... လူကိုယ်တိုင်ကတော့ မပြန်ဖြစ်ခဲ့ပာဘူး...ဒီလိုနဲ့... တစ်ညမှာတော့ မြိုင်ရဲ့ ညို့ချက်အောက်မှာ ယစ်မူးခဲ့တဲ့ ကိုတင်ဖေဟာ သူ့မိန်းမ မြညို အပေါ် သစ္စာဖောက်ပြီး မြိုင်ဆိုတဲ့ မိန်းမနဲ့ မှားယွင်းခဲ့ပါတယ်... မြိုင် ရဲ့ စီစဉ်မှုနဲ့ အသိသက်သေနှစ်ဦး ဖြစ်တဲ့ မြိုင်ရဲ့ ကြီးကြီးနဲ့ မြိုင့်သူငယ်ချင်း တို့နှစ်ယောက်ရဲ့ရှေ့မှာ လက်ထပ်စာချုပ် ချုပ် ပြီးလူသိရှင်ကြား မကြေညာခဲ့ရဘဲ လက်ထပ်ခဲ့ရပါတယ်...(မြိုင်ဟာ ကိုတင်ဖေရဲ့ နောက်ကွယ်မှာ လက်ထပ်စာချုပ်ကိုမီးရို့ဖျက်စီးပစ်ခဲ့ပါသေးတယ်)

လင်ယောက်ျားက သမီးလေးတစ်ယောက်နဲ.ပစ်သွားခဲ့ပေမယ့် ဘ၀ကိုယိုင်လဲမသွားအောင်ထိန်းထားနိုင်ခဲ့တဲ့ မြညိုဟာ "စိမ်း "ဆိုတဲ့ သမီးလေး ကို လည်း အရွယ်ရောက် ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်နိုင်ခဲ့ပြီး တဖက်ကလည်း ထမင်းဆိုင်လုပ်ငန်းက်ု တိုးတက်အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်..

သူတို့သားအမိနှစ်ယောက်ကို စွန့်ပစ်ထွက်ခွာသွားတဲ့ ကိုတင်ဖေဟာ သူတို့မိသားစုဘဝတွေထဲ ပြန်ရောက်လာနိုင်မလား? ..

ကိုတင်ဖေဟာ မြိုင် ရဲ့ အမိန့်ပေးခိုင်းစေချက်တွေနဲ့ သစ္စာရှိရှိ အလုပ်လုပ်ကိုင်ရင်း ဘဝကို အဆုံးသတ်သွားမလား

မြိုင်ကရော သူတပါးရဲ့ လင်ယောက်ျားကို လုယူခဲ့ပြီး အိမ်ထောင်ရေးဘဝသာယာခဲ့လား..သူပြောသလို ယောကျာ်းတစ်ယောက်ရဲ့ ကျွန် တစ်ယောက်ဖြစ်ခဲ့လား၊ မဖြစ်ခဲ့ဘူးလား?
ဆိုတာ ဖတ်မယ့်သူတွေအနေနဲ့ ပေါ့သွားမှာစိုးလို့ ရေးမပြတော့ပါဘူး...

ဒီစာအုပ်ဟာ ဆရာမကြီးခင်နှင်းယုရဲ့ လက်ရာကောင်းဝတ္ထုတစ်ပုဒ်၊ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ...

#Crd




Post a Comment

0 Comments