အမှတ်တရ
စာအုပ်အမည် - အမှတ်တရ
စာရေးသူ - ဂျူး
အမျိုးအစား - ဝတ္ထုရှည်
Encode Font - Unicode
E-book Source - Steven Linn
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
"အမှတ်တရ"ဆိုတဲ့ စာအုပ်ကတော့ ဆရာမ ဂျူး ရဲ့ ပထမဦးဆုံးသော ထွက်ရှိခဲ့တဲ့ ၀တ္ထုရှည် စာအုပ်ဖြစ်ပါတယ်။
၈၅-၈၆ ၀န်းကျင် စာပေလောကရဲ့ စီစစ်ရေးအဖွဲ့မှာ ဂယက်ထခဲ့ပြီးနောက်၈၇ စက်တင်ဘာလမှာ ၀တ္ထုအရှည်ဖြင့်ထွက်ရှိလာကာ အဲ့ခေတ်ကာလက အအောင်မြင်ဆုံးသော စာအုပ်တစ်အုပ်ဖြစ်ပြီး "ဂျူး"လို့ စတင် သတိထားမိလာတဲ့ စာအုပ်လည်းဖြစ်ပါတယ်။
🔷ဒီစာအုပ်ကတော့ ဆရာမ ဂျူး ရဲ့ ကိုယ့်တွေ့ဖြစ်ရပ်အများစုနဲ့ ပုံဖော်ထားတယ်လို့ဆိုပါတယ်။စာအုပ်ရဲ့ နောက်ကျောမှာလဲ "မောင်ပေးတဲ့ အိပ်မက်လှလှလေးကို လုံးချင်း၀တ္ထုအဖြစ်"တဲ့။
🔷မောင်က လိုက်ခဲ့ဟုခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျမပါသည်။
မောင်က နေရစ်ခဲ့ဟုဆိုပြန်တော့လည်း
မောင်စိတ်အနှောင့်အယှက်ဖြစ်မည့်
စာတစ်စောင် စကားတစ်ခွန်းမျှ
မောင်မကြားရစေပဲ
ကျွန်မ ငြိမ်သက်စွာနေရစ်ခဲ့တာ အမှန်ပါပဲ။
အဲ့သည်အထိ ကျွန်မ မောင့်ကို
ချစ်မြတ်နိုးခဲ့ပါသည် မောင်
🔷မန္တလေးနောက်ခံထားပြီး ဆေးတက္ကသိုလ်ကျောင်းမှ မနဲ့မောင်ရဲ့ အချစ်ဇာတ်လမ်းကို အပြင်မှာ လက်တွေ့ မြင်ယောင်မိနေသလိုပါပဲ။(ဆရာမ ဖြစ်ရပ်မှန် အများစုပါဆို)
🔷မိန်းမ တစ်ယောက်ရဲ့ အချစ်ကို နက်ရှိုင်းစွာ မြင်ခွင့်ရစေမိမှာပါ။
🔷ဆေးတက္ကသိုလ်ရဲ့ စကားလုံးများကို လေ့လာခွင့်ရသလို ဇာတ်ကောင်နာမည်တွေကို ဘယ်အချိန်မှာထုတ်ပြမှာလည်းကစိတ်၀င်စားစရာတော်ေတာ်ကောင်းပါတယ်။ ကဲ ဘာလုပ်နေတာလည်း ထိုင်နေတုန်းပဲလား
ခုချက်ချင်းစာအုပ်လေး ပြေး၀ယ် ဖတ်တော့လေ☺️
ရည်းစားထားဖူးသောသူတိုင်း ဖတ်ရန်😊
(နောက်ထပ် Book Review လေးတွေလာမှာမို့ Myanmar Book Review Page ကိုဝင်ရောက်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်နော်😍)
#အမှတ်တရ #ဂျူး #mha #MyanmarBookReview
Post a Comment
0 Comments