Updated Books
Loading...

မေတ္တာမီးအိမ်

စာအုပ်အမည် - မေတ္တာမီးအိမ်

စာရေးသူ - ကြည်အေး

အမျိုးအစား - ဝတ္ထုရှည်

Encode Font - Unicode

E-book Source - Burmese E Libro


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
[AZW3_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

Book Reviews

ကြည်အေးရဲ့ အခြား နာမည်ကြီး စာအုပ်တွေကို Review ရေးကြတာ တော်တော်များများ တွေ့ရပေမယ့် မေတ္တာမီးအိမ်ကို Review ရေးထားတာကိုတော့ တစ်ခါမှ မတွေ့ရသေးတာမို့ ဇာတ်လမ်းကို မကြားဖူးသေးတဲ့ သူတွေအတွက် ဇာတ်လမ်းရဲ့ သဘောကို အကျဉ်းချုံး ရေးပေးလိုက်ပါတယ်။ ကြည်အေးရဲ့ လက်ရာကောင်းတွေထဲက တစ်အုပ်ဖြစ်ပြီး နိုဘယ်မြန်မာရဲ့ နှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ စာရင်းထဲမှာ ပါတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

ချစ်ပုံချစ်နည်း မမှန်တဲ့ ရှေးရိုးစွဲ အဖေနဲ့ ဒေါ်ကြီးကြားမှာ ကြီးပြင်းလာရပြီး စိတ်ဝေဒနာ ခံစားနေရကာ မေတ္တာငတ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ ရေးသွားတဲ့ စာအုပ်ဖြစ်ပါတယ်။ စိတ်ရောဂါကု ဆရာဝန်လေးနဲ့ ချစ်ခြင်းမေတ္တာကို ခံစားမိပြီး ငယ်စဉ် မိဘတွေရဲ့ အိမ်ထောင်ရေးပြဿနာတွေနဲ့ နှိပ်စက်ခံရမှုကြောင့် ရလာတဲ့ စိတ်ဝေဒနာကို တွန်းလှန်ကာ လောကကြီးမှာ ဘဝသစ်နဲ့ ရှင်သန်ချင်နေတဲ့ မိန်းမပျို တစ်ယောက်ရဲ့ အမြင်ကို ချစ်ပုံမမှန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြား ယှဉ်တွဲ ချပြထားတဲ့ ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်ပါတယ်။



Post a Comment

0 Comments

.