Updated Books
Loading...

သခင်သန်းထွန်း၏နောက်ဆုံးနေ့များ (ပထမတွဲ)

စာအုပ်အမည် - သခင်သန်းထွန်း၏နောက်ဆုံးနေ့များ(ပထမတွဲ)

စာရေးသူ - ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ဗိုလ်မင်းဒင်၊ ရဲဘော်စောလှ၊ ဗိုလ်တင်ရှိန်

အမျိုးအစား - သမိုင်း၊ အတ္ထုပ္ပတိ

Encode Font - Unicode

E-book Source - eBooks 4MM


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

/

ဒီစာအုပ် ကို လုပ်ပေးဖို့ ကျနော်တော်တော်စဉ်းစားရပါတယ်...

ပထမ တစ်ချက်က စာအုပ်ကြီးဖြစ်တာရယ်၊ PDF Quality မှာကိုဘဲ OCR ဖတ်တဲ့အခါ အမှားများနိုင်တာရယ်၊ စာအုပ် Format ချဖို့ ခက်ခဲတာရယ်ကြောင့်ပါ။ ဒီစာအုပ်မှာ အမှားတွေများပါလိမ့်မယ်။ ကျနော်လည်း တတ်နိုင်သမျှလုပ်ထားပေမယ့် အမှားတွေအများကြီးကျန်ဦးမှာသေခြာပါတယ်။ ဒါကြောင့် သေသေခြာဖတ်လိုသူများဆိုရင် PDF ကီုဘဲ ဖတ်ကြပါ။

ဒုတိယ တစ်ချက်ကတော့ ဒီစာအုပ်ကို ဖတ်တဲ့အခါ သတိထားပြီးဖတ်စေချင်ပါတယ်။ ဒီစာအုပ်ဟာ ‌တော်လှန်ရေးကောင်စီရဲ့ ဝါဒဖြန့် စာအုပ်တစ်အုပ်ဆိုတာ စာဖတ်သူ သိထားဖို့လိုပါတယ်။ ဒီစာအုပ်တစ်အုပ်ကို ဖတ်ပြီး သခင်သန်းထွန်းဟာ ဒီလိုပါလာ၊ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဒီလိုလား၊ ကွန်မြူနစ်ဆိုတာဟာ ဒီလိုကြီးလားလို့ မယူဆစေချင်ဘူး။ (ကျွန်တော်ဟာ ကွန်မြူနစ်ဝါဒီတစ်ယောက် မဟုတ်ပေမယ့် သခင်သန်းထွန်းကိုတော့ လေးစားသူတစ်ယောက် ဖြစ်တာကြောင့် ဒီစာအုပ်ကို တော်တော်သည်းခံပြီး ဖတ်ရပါတယ်။ ကျွန်တော် အမြင်အရ ကွန်မြူနစ်ဝါဒကို ဝေဖန်ဖို့ဆိုရင် လေ့လာစရာတွေ အများကြီးလိုအပ်ပါတယ်။ သိပ်ကျယ်ပြန့်၊ နက်နဲလို့ ကွန်မြူနစ် အဘိဓမ္မာလို့တောင်ခေါ်ကြပါတယ်။ သခင်သန်းထွန်းကို ကျနော်လေးစာတာက ကွန်မြူနစ်ခေါင်းဆောင်အနေနဲ့ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရလေးစာတာပါ။ ကွန်မြုနစ်ဝါဒ အကြောင်းကို ကျနော် သေခြာမသိပါ၊ မလေ့လာဖူးပါ။)

ဒါပေမယ့် ဒီစာအုပ်ကနေ ကျနော်တို့ရနိုင်တာတွေ၊ လေ့လာနိုင်တာတွေ အများကြီးပါဝင်ပါတယ်။ ဥပမာ တစ်ခု အနေနဲ့.. ကော်မတီတစ်ခုကို တာဝန်ပေးပုံ၊ အာဏာပေးပုံ၊ အာဏာကန့်သန့်ပုံ၊ အလုပ်ဝတ္တားချမှတ်ပုံတွေဟာ ဒီစာအုပ်မှာလောက် လေ့လာဖို့ကောင်းတာ အခြားမရှိပါဘူး။ နောက် သခင်သန်းထွန်းရဲ့ ၄ နှစ်အတွင်း အာဏာသိမ်း စီမံကိန်းကိုလည်း လေ့လာနိုင်ပါတယ်။ (အချက်အလက်အားဖြင့် မည်သို့ဖြစ်စေ အဲဒီစီမံကိန်း ဟာ လေ့လာစရာ စီမံကိန်းတစ်ခုအနေနဲ့တော့ တော်တော်ကောင်းတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။)

ဒီတော့ အချုပ်ပြောချင်တာက ဒီစာအုပ်သည် ဝါဒဖြန့်စာအုပ်ဖြစ်စေဦးတော့ တန်ဖိုးရှိတဲ့စာအုပ်တစ်အုပ်ဆိုလို့ပြောရင်တော့ မှားနိုင်မယ်မထင်ပါဘူး။ ဒီအချိန်မှာ ဖတ်ဖို့ ပိုသင့်တော်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။







Post a Comment

0 Comments

.