တော့တိုး-ချန်
စာအုပ်အမည် - တော့တိုး-ချန်
စာရေးသူ - မြသိန်း
အမျိုးအစား - ဘာသာပြန်
Encode Font - Unicode
E-book Source - ###
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
တော့တိုးချန် ဆိုတာ ဂျပန်လို မိန်းကလေး ငယ်လေး ဆိုပါတော့။ တော့တိုးချန် သို့မဟုတ် ပြူတင်းပေါက်မှ မိန်းကလေး ဆိုတဲ့ စာအုပ်ကလေး ကို ဖတ်ကြစေချင်ပါတယ်။ မိဘတိုင်း ဆရာ ဆရာမတိုင်း မဖတ်မဖြစ် ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်ပါ။
ဝတ္ထုမဟုတ်ပါဘူး။ တကယ့် ဒုတိယကမ္ဘာစစ်ပြီး စ ဂျပန်ပြည် က အလွတ်ပညာသင်ကျောင်းကလေး တစ်ကျောင်း အကြောင်းပါ။
ကျောင်းအပ်တော့ အရင့်အရင်ကျောင်းတွေ မှာ အမေးချည်းခံရ၊ မေးသမျှပဲ ဖြေရတဲ့ တော့တိုးချန် ကို ဆရာကြီး က သူ့ကို စကားပြောဖို့ ပြောတယ်။ ဘာပြောရမလဲ ဆိုတော့ ပြောချင်တာပြောတဲ့။ တော့တိုးချန် ကို ဘယ်တုန်းကမှ သူ့စကား ကို စိတ်ရှည်လက်ရှည် နားထောင်မယ့်သူမရှိခဲ့ဖူးဘူး တဲ့။
တော့တိုးချန် ဟာ သူပြောချင်သမျှ အကုန်ပြောလိုက်တာ ညနေကျောင်းဆင်းချိန်ရောက်သွားပါတယ်တဲ့။
ဆရာကြီး က နောက်နေ့ ဆက်ပြော ခိုင်းပါသတဲ့။
နောက်ဆုံးပြောစရာ စကား ကုန်သွားပါသတဲ့။
ပြောချင်တာရှိရင် သူ့ကို လာပြောဖို့မှာပြီး စာသင်ခန်းကို လိုက်ပို့ပေးပါသတဲ့။
ထမင်းစားချိန်ဆို ထမင်းဗူးဖွင့်ရင် ကုန်းပေါ် က လာတဲ့ အရာ၊ ရေထဲက လာတဲ့ အရာ ရယ်လို့၊ ပြောပြီး စားကြပါတယ်တဲ့။ မျှစ် ဆိုတာ တောင်ပေါ်ငဟက ဝါးပင်ပေါက်ကလေးတွေ ဆိုတာ ထမင်းစားရင်း ကလေးတွေ တတ်သွားကြတာပေါ့။
ရေကူးကန်မှာ ကလေးအားလုံး ကျားမ အတူတူ တုံးလုံးလေးတွေ ရေဆော့ကြရပါတယ်။ အစ ပိုင်းရှက်ရွံ့သလို လေးတွေ ဖြစ်ကြပေမဲ့ နောက်တော့ ကလေးတွေဟာ ဘာမှဂရုမစိုက်တော့ဘဲ ရဲရဲတင်းတင်း လွတ်လွတ်လပ်လပ် ဖြစ်ကုန်ပါတယ်။
ကျနော်တို့ကလေးတွေ ကို တော့တိုးချန်တို့ကျောင်းမျိုးတွေ တက်ခွင့်ရဖို့ ခင်ဗျားတို့ကိုယ်တိုင် တော့တိုးချန် ကို အရင် ဖတ်ကြဖို့ လိုမလားပဲ။
Post a Comment
0 Comments