Updated Books
Loading...

ဟိုချီမင်း

စာအုပ်အမည် - ဟိုချီမင်း

စာရေးသူ - လင်းယုန်မောင်မောင်

အမျိုးအစား - အထ္ထုပ္ပတ္တိ

Encode Font - Pyidaungsu 2.4

E-book Source - eBooks 4MM


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

/

ဗီယက်နမ်လွတ်လပ်ရေး အတွက် ယင်းသို့ အံ့ချီးဖွယ်ရာ နှစ်ပေါင်းများစွာ အဆက်မပြတ် တစ်သမတ်တည်း ရုန်းကန် ကြိုးပမ်းလာခဲ့ခြင်းကြောင့် သမ္မတကြီး ဟိုချီမင်းသည် ဗီယက်နမ် တစ်မျိုးသားလုံး၏ “အသည်းစွဲ” ဖြစ်ခဲ့ရသည့်ပြင် ကမ္ဘာ့ပြည်သူများကပါ ကြည်ညိုလေးစားခြင်းခံရသည့် ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပါသည်။ ထို့ပြင် သမ္မတကြီး ဟိုချီမင်းအား ဗီယက်နမ်ပြည်သူများနှင့် တကွ ကမ္ဘာ့ပြည်သူများကပါ ရိုသေလေးစား အားထားကြည်ညိုခဲ့ကြသည်မှာ သူ၏ လွတ်လပ်ရေး ကြိုးပမ်းမှု များကြောင့်သာလျှင် မဟုတ်သေးဘဲ သူ၏ အပြောအဆို၊ အနေအထိုင်၊ ရိုးသား စင်ကြယ်မှုနှင့် မွန်မြတ်သန့်ရှင်းသည့် နှလုံးသားပိုင်ရှင် တစ်ဦးဖြစ်သောကြောင့် ဟူ၍လည်း ဆိုနိုင်ပါသည်။

ကျွန်တော်သည် ဟိုချီမင်း၏ ဘဝအတ္ထုပ္ပတ္တိ ဖြစ်သော ဤစာအုပ်ကို ရေးသားပြုစုရာ၌ အထက်ဖေါ်ပြပါ ဗီယက်နမ် လွတ်လပ်ရေးအတွက် အဆက်မပြတ် တစ်သမတ်တည်း ရုန်းကန် လှုပ်ရှားခဲ့သော သူ၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို လည်းကောင်း၊ ကမ္ဘာ့ခေါင်းဆောင်ကြီး တစ်ယောက်အနေဖြင့် သူမတူအောင် ရိုးသားလှသည့် သူ၏ အနေအထိုင် အပြောအဆိုနှင့် အကျင့်အကြံများကို လည်းကောင်း၊ အရာရာတွင် စိတ်ကောင်းနှလုံးကောင်း ရှိလှသည့် သူ၏ မွန်မြတ်သန့်စင်လှသော စိတ်နေသဘောထားများကို လည်းကောင်း အတတ်နိုင်ဆုံး ခြယ်မှုန်းရေးသား ဖေါ်ပြထားပါသည်။

သို့ ရေးသားပြုစုရာ၌ အကြောင်းအရာ အချက်အလက်နှင့် အဖြစ်အပျက်များ ပိုမို ပြည့်စုံသည်ထက် ပြည့်စုံစေရန်နှင့် ပိုမို ခိုင်လုံသည်ထက် ခိုင်လုံစေရန် ရနိုင်သမျှသော စာအုပ်စာတန်းများကို ရှာဖွေ စုဆောင်း၍ ဖတ်ရှုထုတ်နုတ်ကိုးကားခဲ့ပါသည်။ သို့ဖြစ်ရာ ဤစာအုပ်သည် ဘာသာပြန် စာအုပ်တစ်အုပ် မဟုတ်မူ၍ ယခင်က ကျွန်တော် ရေးသားပြုစုခဲ့သည့် “ဟစ်တလာ၊ ကပ်စထရို၊ ချေထွေဗားရား” စသည့် အတ္ထုပ္ပတ္တိ စာအုပ်များကဲ့သို့ပင် ကျွန်တော်၏ ပင်ကိုယ်ရေဟန်အတိုင်း ရေးသား ပြုစုထားခြင်း ဖြစ်ပါသည်။

လင်းယုန်မောင်မောင်







Post a Comment

0 Comments

.