Updated Books
Loading...

ကင်မလီ

စာအုပ်အမည် - ကင်မလီ

စာရေးသူ - မောင်ထွန်းသူ

အမျိုးအစား - ဘာသာပြန်၊ အချစ်၊ ဂန္တဝင်

Encode Font - Pyidaungsu 2.4

E-book Source - eBooks 4MM


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

/

“ကင်မီလီ” သည် ပြင်သစ်ဝတ္ထု ဖြစ်သည်။ ပြင်သစ် ဘာသာဖြင့် စတင် ထုတ်ဝေခဲ့သည့် ၁၈၄၈ ခုနှစ်မှ စ၍ ယနေ့အချိန် အထိ မရိုးနိုင်သော ဂန္ထဝင် အချစ်ဝတ္ထု အဖြစ်ဖြင့် ပြင်သစ်နိုင်ငံတွင် ထင်ရှားဆဲ ဖြစ်သည်။ စတင် ထုတ်ဝေခဲ့သော အချိန်မှစ၍ ခေတ် အဆက်ဆက် ပြင်သစ်နိုင်ငံ၏ ‘ဘက်ဆဲလား” ဟု ခေါ်သော အရောင်းရ အတွင်ကျယ်ဆုံး စာအုပ်အဖြစ် ရပ်တည်ဆဲ ဖြစ်သည်။ “ကင်မီလီ” ကို အင်္ဂလိပ်ဘာသာဖြင့် စတင် ထုတ်ဝေသော နှစ်မှာ ၁၉ဝ၂ ခုနှစ် ဖြစ်သည်။ ထိုအချိန်မှစ၍ “ကင်မီလီ” သည် ကမ္ဘာ့ စာပေသမိုင်းတွင် ထင်ရှားသော ဂန္ထဝင် အချစ်ဝတ္ထု ဖြစ်လာခဲ့ ပြန်သည်။ ဘာသာမျိုးစုံသို့ ပြန်ဆိုခဲ့သည်။ နိုင်ငံတိုင်းက နှစ်သက် လက်ခံသော ဝတ္ထုတစ်ပုဒ် အဖြစ် ကျော်ကြားခဲ့ပြန်လေသည်။

“ကင်မီလီ” ကို ပြဇာတ်အဖြစ် ဖန်တီးကာ ၁၈၅၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ စင်တင်ကပြခဲ့ရာ အကြီးအကျယ် အောင်မြင်မှု ရခဲ့ သည်။ လူကြိုက် အလွန် များသော ပြဇာတ်ဟု အသိအမှတ် ပြုခဲ့ကြသည်။ ပြဇာတ်အသွင်မှ ရုပ်ရှင်အဖြစ် အသက်သွင်းကြပြန် သည့် အခါတွင်လည်း ကမ္ဘာ့ ရုပ်ရှင်ကြည့် ပရိသတ်များ တသသ ဖြစ်ခဲ့ရပြန်သည်။ “ကင်မီလီ” ကို ရုပ်ရှင်ရိုက်ရာ၌ အဓိက ဇာတ် ဆောင် နေရာတွင် ကမ္ဘာကျော် မင်းသမီးများကို ရွေးချယ်ခဲ့ကြ သည်။ ဘန်းဟတ်နှင့် ဂရီတာ ဂါဘိုးတို့သည်လည်း ကင်မီလီ၏ အဓိက ဇာတ်ကောင် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ကြဖူးလေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် အင်မ်ဂျီအင်မ် ကုမ္ပဏီမှ “ကင်မီလီ” ကို ရုပ်ရှင် ရိုက်ခဲ့သေးသည်။ သရုပ်ဆောင်များမှာ ကမ္ဘာကျော် မင်းသား ရော ဘတ် တေလာနှင့် မင်းသမီး ဂရီတာ ဂါဘိုးတို့ ဖြစ်သည်။ ဤ “ကင်မီလီ” ဝတ္ထုကို အခြေခံ၍ ဗာဒီက “လာ - ထရာဗီယားတား” LA TRAVIATA savasi Grosupmenos moowon soal တွင်လည်း ကမ္ဘာ့ ပရိသတ် နှစ်သက် စွဲလမ်းသော ကဇာတ် တစ်ခု အဖြစ် ထင်ရှားခဲ့ရပြန်လေသည်။

အမှာစာမှ ကောက်နှုတ်ချက်




Post a Comment

0 Comments

.