Updated Books
Loading...

လက်ရွေးစင်ကျမ်း (အတွဲ၁ အပိုင်း၂)

စာအုပ်အမည် - လက်ရွေးစင်ကျမ်း (အတွဲ၁ အပိုင်း၂)

စာရေးသူ - မော်စီတုန်း

အမျိုးအစား - နိုင်ငံရေး ၊ ဘာသာပြန်

Encode Font - Pyidaungsu 2.4

E-book Source - ###


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
အခြားအတွဲများ ကြည့်ရန်...

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

/

တော်လှန်ရေးတစ်ခုမှာ လက်နက်ကိုင်းတော်လှန်ရေးအောင်မြင်ခြင်းဟာ တော်လှန်ရေးရဲ့ သုံးပုံတစ်ပုံသာ အောင်မြင်သေးတယ်လို့ဆိုပါတယ်။ စစ်ရေးအရအောင်မြင်ပြီး တော်လှန်ရေးရဲ့ အဓိကရည်ရွယ်ချက်တွေ အောင်မြင်မှသာ အလုံးစုံအောင်မြင်သော တော်လှန်ရေးလို့ ဆိုနိုင်ပါလိမ့်မယ်။ ဥပမာပြရမယ်ဆို ကျနော်တို့ရဲ့ လွတ်လပ်ရေးတော်လှန်ရေးတိုက်ပွဲဟာ အလုံးစုံအောင်မြင်တဲ့ တော်လှန်ရေးလို့ မဆိုနိုင်ပါဘူး။

အလုံးစုံအောင်မြင်တဲ့တော်လှန်ရေးဖြစ်ဖို့ ဆိုရင် တော်လှန်သူများအနေနဲ့ စစ်ရေးသာမက အခြားကိစ္စများကိုပါ နားလည်ထားဖို့လိုအပ်ပါတယ်။ လက်ရွေးစင်ကျမ်းဟာ ဒါတွေကို ထိတွေ့လေ့လာနိုင်ဖို့ အကောင်းဆုံးကျမ်းတစ်စောင်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ တော်လှန်ရေးရဲ့ ပြယုဒ် ချေဂွေဗားယား ခေါင်းအုန်းအိပ်ခဲ့ စာအုပ်လည်းဖြစ်ပါတယ်။

သို့သော် ကျနော်တို့အတွက် လိုအပ်ချက်များကတော့ရှိတုန်းပါဘဲ... အဓိကအားဖြင့် ဖက်ဒရယ်အရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေတော့ ဒီကျမ်းမှာ ပါဝင်မှာမဟုတ်ပါ။ မည်သို့ဆိုစေ.. ဒီကျမ်းဟာ စစ်ရေးဗျူဟာများရော နိုင်ငံရေး အကြောင်းကိုပါ ဆက်စပ်ပေးတဲ့ တော်လှန်ရေးအသားပေးကျမ်းဖြစ်တာကြောင့် ဒီအချိန်မှာဖတ်ကို ဖတ်သင့်တဲ့စာအုပ် ဖြစ်ပါတယ်။

အောက်မှာ ယခုစာအုပ် (အတွဲ ၁ အပိုင်း၂ ) ထဲက စာတစ်ပိုဒ်ကို ဖေါ်ပြပေးလိုက်ပါတယ်။ ဒီ အတွဲ၁ အပိုင်း၂ ဟာ စစ်ရေးကို ပိုအသားပေးရေးထားတာမို့ ဒီအချိန်မှာပိုဖတ်သင့်မယ်ထင်ပါတယ်။

"စစ်ဆိုသည်မှာ ပုဂ္ဂလိကပိုင်ဥစ္စာဓနများနှင့် လူတန်းစားများပေါ် ပေါက်လာ ကတည်းက စတင်ဖြစ်ပွါး ခဲ့သည်။ လူတန်းစားချင်း၊ အမျိုးသားချင်း၊ နိုင်ငံချင်း၊ နိုင်ငံရေးအုပ်စုချင်း ဖြစ်ပွါးကြသည့် ပဋိပက္ခ များ တစုံတခုသော အဆင့်အထိ တိုးပွါးလာသောအခါ ဖြေရှင်းသည့် အမြင့်ဆုံးတိုက်ပွဲပုံသဏ္ဌာန်ဖြစ်၏။

စစ်အခြေအနေနှင့် စစ်လက္ခဏာ ကို၎င်း၊ {{ စစ်နှင့် အခြားကိစ္စများဆက်စပ်နေပုံကို၎င်း နားမလည်ပါက၊ }} စစ်၏တရားများကို နားလည်မည်မဟုတ်၊ ထိုစစ်ကိုမည်သို့ဦးစီးညွှန် ကြားရမည်ဆိုသည်ကို လည်းနားလည် မည်မဟုတ်၊ စစ်နိုင်အောင်လည်း တိုက်နိုင်မည်မဟုတ်ချေ။"




Post a Comment

0 Comments

.