Updated Books
Loading...

မဟာရာဇဝင်တော်ကြီး

စာအုပ်အမည် - မဟာရာဇဝင်တော်ကြီး

စာရေးသူ - ဦးကုလား

အမျိုးအစား - သမိုင်း

Encode Font - Pyidaungsu 2.4

E-book Source - ###


Read Online

[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download

စာရေးဆရာတို့အား အသိမှတ်ပြုသောအားဖြင့် လက်လှမ်းမှီသမျှ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြပါ။

/

ဆရာမြသန်းတင့်စကားကို ငှားပြောရရင် "ဘက်မလိုက်တဲ့သမိုင်းဆရာဆိုတာ ဘယ်ရှိလိမ့်မလဲ။ ဖိနှိပ်သူ လူတန်းစားဖက်က သမိုင်းဆရာများက ဖိနှိပ်သူများဘက်ကရေးပြီး.. အဖိနှိပ်ခံ လူတန်းစားဖက်လိုက်သူ သမိုင်းဆရာများက အဖိနှိပ်ခံများဘက်က ရေးကြသည်မဟုတ်လား" ပေါ့ဗျာ....

မည်သို့ဆိုစေ.. ဦးကုလားရဲ့ မဟာရာဇဝင်ကြီးဟာ မြန်မာစာပေမှာ အရေးပါတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ လေ့လာဖတ်ရှုလို့ အကျိူးမယုတ်နိုင်ပါဘူး။

တနင်္ဂနွေမင်း (၁၇၁၄ - ၃၃) လက်ထက်တွင် ဦးကုလား ရေးသားပြုစုခဲ့သည့် စာအုပ်ဖြစ်သည်။ မဟာဝင်၊ ပုဂံရာဇဝင်ဟောင်း၊ တောင်ငူရာဇဝင်၊ ငှက်ပစ်တောင်ရာဇဝင်၊ ဇင်းမယ်ရာဇဝင်၊ တကောင်းရာဇဝင်၊ မွန်ရာဇဝင်၊ ရာဇဓိရာဇ်အရေးတော်ပုံ၊ ရာဇဝင်ကျော်၊ ဇာတာတော်ပုံတို့ကို ကိုးကား၍ ကမ္ဘာဦးအစမှသည် ခရစ်နှစ် ၁၇၃ဝထိ အဖြစ်အပျက်များကို မဟာရာဇဝင်ကြီးအမည်ဖြင့် ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ ၃ တွဲခွဲကာ ရေးသားခဲ့ခြင်း ဖြစ်သည်။ အထောက်အထား ကိုးကားမှုများ ခိုင်လုံမှုကြောင့် မြန်မာစာပေ ပညာရှင်များနှင့် သမိုင်းသုတေသီတို့ မှီခိုအားထားရာ သမိုင်းကျမ်းတစ်ဆူဖြစ်သည်။ ဤအကြိမ်ရိုက်နှိပ်ရာတွင် လေ့လာသူတို့ လွယ်ကူစေရန် မြန်မာရက်စွဲများကို ခရစ်ရက်စွဲနှင့် အောက်ခြေတွင် ပြောင်းလဲဖော်ပြပေးထားခြင်း၊ အက္ခရာဝလိ ပြုလုပ်ပေးထားခြင်း၊ နိုင်ငံခြားအမည်၊ မြို့ရွာဒေသအမည်များကို မူရင်းဘာသာစကားတို့ဖြင့် ဖလှယ်ထားခြင်း၊ ပုံနှိပ်ထုတ်ဝေပြီးမူများကို အခြေခံ၍ UHRC ပေအမှတ် ၄ဝ၂၊ အမျိုးသားစာကြည့်တိုက် ကင်း - ၁ဝ၂ ပေမူများနှင့် တိုက်ဆိုင်တည်ဖြတ်ခြင်း၊ မင်းဆက်ဇယားများ ဖြည့်စွက်ခြင်း၊ မြန်မာတို့၏ စကြာဝဠာ၊ ကမ္ဘာဦးအစ အယူအဆ ရုပ်ပုံများ၊ တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံမြို့ဟောင်းများ၏ သမိုင်းအထောက်အထား မြေပုံ၊ ဓာတ်ပုံ၊ ရုပ်ပုံများ ထည့်သွင်းထားခြင်းတို့ကိုပါ ဖြည့်စွက်ထားသဖြင့် သမိုင်းသုတေသီတို့အဖို့ မရှိမဖြစ် ဆောင်ရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

ဒီစာအုပ်နဲ့ပတ်သက်လို့တော့ .. ကျနော်ရတဲ့ PDF မှာကိုဘဲ စာတွေလိုနေတယ်လို့ထင်ပါတယ်။ မူရင်းနဲ့ တိုက်မစစ်နိုင်တဲ့အတွက် ဒီအတိုင်းဘဲ ပြုလုပ်ပေးလိုက်ရပါတယ်။ နံပတ်စဉ်တွေမှာ ပါမလာတာတွေရှိပါတယ်။




Post a Comment

1 Comments

  1. သာဓု ပား ဆာရားတော်

    ReplyDelete

.