ပန်းခေတ်ကလမင်း
စာအုပ်အမည် - ပန်းခေတ်ကလမင်း
စာရေးသူ - တာရာမင်းဝေ
အမျိုးအစား - ဝတ္တုရှည်
Encode Font - Pyidaungsu 2.4
E-book Source - ###
Read Online
[PDF] Download
[EPUB_Uni] Download
[KFX_Uni] Download
[MOBI_Uni] Download
ဒါက စာအုပ် ရီဗျူးနဲ့မတူဘဲ စာရေးဆရာ ရီဗျူးလိုဖြစ်နေပါလိမ့်မယ်..
တာရာမင်းဝေအကြောင်း ပြောကြမယ်ဆိုရင် မော်ဒန်ကဗျာ, မော်ဒန်ဝတ္ထုအကြောင်း ပြောရမှာပေါ့။ ကဗျာနဲ့ ပတ်သက်ပြီး အယူအဆများစွာရှိပါတယ်။ တချို့က ကဗျာမှာ ရသပါရမယ် လို့ အကြောက်အကန်ပြောကြတယ်။ တချို့က ကာရန်ပါမှ ကဗျာလို့ဆိုကြတယ်။ ဒီခေတ်မှာတော့ ဒီအယူအဆက နည်းသွားပါပြီ... မော်ဒန်ကဗျာတွေ အရမ်းခေတ်စားလာပြီကို....
ကျနော့ အယူအဆအရတော့ ကဗျာဟာ စကားလုံးအလင်္ကာမြောက်ရမယ်။ ရိုးရိုးပြောရရင် စကားလုံးလှရမယ်ပေါ့ဗျာ.. ကာရန်ပါသည် ကာရန် မပါသည်ဖြစ်စေ... အဓိပ္ပါယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ .. ကဗျာဟာ စကားလုံးလှရပါမယ်... ဒါဟာ ကဗျာရဲ့ အဓိကဝသေသ လို့ကျနော်ထင်တယ်။ စကားလုံးလှရင်တော့ ရသ ပါသွားပါပြီ.. ကဗျာချစ်သူအများစုဟာ စကားလုံးလှလှလေးတွေ ဖတ်ရရင် ပိတိကိုဖြစ်နေတာမျိုးပါ။
မော်ဒန်ကဗျာဟာ ကာရန်မပါဘူး။ ဒါကြောင့် စကားလုံးလှအောင်ရေးဖို့ ဆိုတာကို အထူးသတိပြုသူများသာ စဉ်းစားကြတယ်။ မဟုတ်ရင် ကဗျာဆရာတွေဟာ စိတ်ကူးထဲပေါ်လာတာကို အပိုဒ်လေးတွေခွဲပြီး ရေးလိုက်ကြတာဘဲ.. အဲဒါ မော်ဒန်ကဗျာ ဖြစ်ကရော..... (ကျနော်လည်း အဲလိုဘဲ ရေးတတ်တယ် :D :D :D )
မြန်မာ မော်ဒန်ကဗျာ လောကမှာ.. စကားလုံးလှအောင် ရှာရေးနိုင်သူ အင်မတန်နည်းပါတယ်။ အကြောင်းအရာ အားဖြင့်ကောင်းတယ်။ ကျစ်လစ်တယ်.. ဒါပေမယ့်.. စကားလုံးကို အလှဆင်ရေးသူက တော်တော်ရှားပါတယ်။ တာရာမင်းဝေဟာ အဲဒီရှားပါးတွေထဲက တစ်ယောက်ပါ... သူကိုယ်တိုင်ကလည်း စာအလွန်ဖတ်သူပါ။ ဟိုးရှေး ကဗျာတွေ၊ ပျို့တွေ၊ အနုပညာနဲ့ပတ်သက်တာ မှန်သမျှ (အနောက်တိုင်း၊ အရှေ့တိုင်း)ကို လေ့လာပြီး ယှည်တွဲစဉ်းစားတတ်သူပါ။ သာမာန်လူတစ်ယောက်အနေနဲ့တောင် လေးစာရမယ့် သူမျိုးဖြစ်ပါတယ်။ အင်းလေ ဒါကြောင့်လည်း ဒီလို စကားလုံးတွေ ထွက်လာနိုင်တာပေါ့.....
အိုကေ ဒီစာအုပ်ကတော့ ဆရာတာရာမင်းဝေရဲ့ ပထမဆုံး လုံးချင်း ဝတ္ထုဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦး.....
နည်းများမဆို ၅၀၀, ၁၀၀၀ မှစတင် Donate ပြုလုပ်ပေးနိုင်ပါသည်...

Post a Comment
0 Comments