Updated Books
Loading...

ကျွန်ပ်တို့အကြောင်း

ကျွန်တော်တို့ အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices ‌တွေမှာ စာဖတ်သူများအတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ်ဖွဲစည်းထားသော အဖွဲ့ဖြစ်ပါသည်။
တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီဖြစ်သော်လည်း နိုင်ငံတွင်းမှာတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန်အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝ မရှိသလောက် ဖြစ်သည်။

ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့်ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ယခု Ebooks4MM website လေးကို ပြုလုပ်ထားခြင်းဖြစ်ပါသည်။

မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ) အသုံးမပြုပါ။


"စာရေးဆရာများနှင့် စာပေထုပ်လုပ်ရေးများသို့ ပန်ကြားချက်"


စာပေထုပ်ဝေသူတို့ နှင့် ဆရာ၊ ဆရာမများအနေဖြင့် မြန်မာနိုင်ငံအတွင်းက e-Books Market အတွက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ရန် အကြံပြုလိုပါသည်။ eBooks Digital Market ဟာ မြန်မာနိုင်ငံမှာ ကြီမားစွာရှိနေပါပြီ။ Digital Product ဖြစ်သည့် အတွက် ဆရာ၊ ဆရာမများအတွက်လည်း ပိုမိုအကျိုးများပါသည်။

ကျွန်ုပ်တို့ ယခုကဲ့သို မူပိုင်ခွင့်ချိုးဖေါက်နေမှုများကို လည်း လိုအပ်ချက်အရဟု နားလည်ခွင့်လွတ်ပေးပြီး စာချစ်သူ၊ စာဖတ်သူများဆီသို့ တစ်နည်းနည်းနှင့် ပို့ပေးနေသည်ဟု နားလည်ပေးကြပါရန် ပန်ကြားတောင်းဆိုအပ်ပါသည်။

✥﹤┈┈┈┈┈┈┈┈﹥✥


"စာဖတ်သူများသို့ ပန်ကြားချက်"


စာဖတ်သူများသို့ ပန်ကြားလိုသည်မှာ eBook ဖတ်ပြီးလို့ "ကြိုက်နှစ်သက်တယ်" စာရေးသူများအား "အသိမှတ်ပြုသင့်တယ်"လို့ ယူဆပြီး ဖတ်ပြီးသွားလျှင်တောင် လက်လှမ်းမှီပါက မူရင်းစာအုပ်ကို ဝယ်ယူအားပေးကြပါ။ စာအုပ်များဝယ်ယူမှု မရှိလျှင် မိမိကြိုက်သော ဆရာ၊ ဆရာမတို့ နောက်ထပ်နောက်ထပ်သော ဖန်တီးမှုတို့ ပြုလုပ်ရန် ခက်ခဲပါလိမ့်မည်။ ထိုအခါ  စာချစ်သူ၊ စာဖတ်သူများနှင့် မြန်မာနိုင်ငံစာပေလောက အတွက် အနာဂတ်ကလေးငယ်များအတွက် များစွာ နစ်နာကြပါလိမ့်မည်။

✥﹤┈┈┈┈┈┈┈┈﹥✥


ကျွန်တော်တို့ အဖွဲသားများဆိုလျှင်လည်း (Ebook ရှိလျှင်) Ebook များ ကို အဓိက ဖတ်ကြပါသည်။ ပြီးလျှင် စာရေးဆရာတို့အား "အသိမှတ်ပြုသောအားဖြင့်" တစ်ခုထည်းကို ရည်ရွယ်ပြီး စာအုပ် ဝယ်လိုက်တာတွေ များစွာရှိပါသည်။ ထိုကြောင့် လက်လှမ်းမှီပါက မိမိကြိုက်နှစ်သက်သော ဆရာ၊ဆရာမတို့၏ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြဖို့ တိုက်တွန်းပါသည်။





Post a Comment

0 Comments

.